Tuesday, January 7, 2014

သင့်ဘ၀ကို ပြောင်းလဲဖို့ စွမ်းအား


သင်ဟာ အတိတ်ကို ပြန်သွားပြီး သင့်ဘ၀ကို ပြောင်းလဲစေမယ့် ဆုံးဖြတ်ချက်တွေကို ပြုလုပ်ဖို့ ဆန္ဒရှိပါသလား။ အင်း .. ဒီလိုဆိုရင်တော့ ကျနော်က မီးခွက်စောင့်ဘီလူး မဟုတ်တဲ့အတွက် သင့်ဆန္ဒကို ဖြည့်ဆည်းမပေးနိုင်ပါဘူး။ ဒါပေမယ့် ကျနော် လုပ်ပေးနိုင်တာ တစ်ခုတော့ရှိပါတယ်။
အဲဒါကတော့ သင်ဟာ အတိတ်ကို အချိန်မီ ပြန်မသွားနိုင်တော့ရင်တောင် သင့်ရဲ့ဘ၀ကို ပြောင်းလဲနိုင်သေးတယ်ဆိုတာ သင့်ကို ပြောဖို့ပါပဲ။
သင့်ရဲ့ဘ၀မှာ သင်ဟာ အမှားတွေ ဘယ်လောက်ပဲ လုပ်ခဲ့လုပ်ခဲ့၊ သင် ဘယ်လောက်ပဲ အသက်ကြီးကြီး .. စသဖြင့် .. အဲဒါတွေက ကိစ္စမဟုတ်ပါဘူး။ သင်ဟာ နေ့သစ်တစ်နေ့နဲ့အတူ တစ်ဖန်ပြန်စနိုင်ပါတယ်။ သင့်မှာ ဆန္ဒရှိနေသေးသရွေ့ သင့်ရဲ့ဘ၀ကို ပိုကောင်းအောင် ပြောင်းလဲနိုင်ပါတယ်။
လူသားတွေဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့မှာ အမှားတွေကို ပြုလုပ်နိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးက ကျနော်တို့ဟာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကျနော်တို့ရဲ့ အတွေ့အကြုံတွေကနေ သင်ယူနိုင်တဲ့ စွမ်းအားလည်း ရှိတယ်ဆိုတာပါပဲ။။
သင့်ကိုယ်သင် ခွင့်လွှတ်ပါ။ တစ်ဖန်ပြန်စပါ။ ကျနော် ရှေ့မှာ ဖော်ပြခဲ့သလို သင်ဘယ်လောက် အသက်ကြီးတာ၊ သင့်ကို ဆန့်ကျင်နေတဲ့အရာတွေ ဘယ်လောက်များတာတွေဟာ ကိစ္စမဟုတ်ပါဘူး။ သင့်ဘ၀ကို ပိုကောင်းအောင် ပြောင်းလဲဖို့ ဆန္ဒရှိတယ်ဆိုရင် အဲဒီပြောင်းလဲနိုင်တဲ့ စွမ်းအားလည်း သင့်မှာ ရှိပါတယ်။ ပြောင်းလဲမှုတွေကို ဒီနေ့ပဲ ပြုလုပ်လိုက်ပါ။

credit to Your Life Success

No comments:

Post a Comment