Saturday, November 8, 2014

အဖြေ

မေး။ ။သင် ဘာကြောင့် အမြဲတမ်း လခစားတစ်ယောက်ဖြစ်ရတာလဲ။
ဖြေ။ ။ ကိုယ်တိုင် စီးပွားလုပ်ဖို့ စိတ်မပါဘူး။
အဲ့ဒီ့အဖြေလုံးဝမှားတယ်။ သင် က...
စိတ်ကြည်နေတဲ့အချိန်မှာ Shopping ထွက်တယ်။
စိတ်မကြည်တဲ့အချိန်မှာ အားအားရှိ Game ကစားတယ်။

စိတ်ပျော်နေတဲ့အချိန်မှာ အချိန်တွေကို အလဟဿဖြုန်းပစ်တယ်။
စိတ်ညစ်နေတဲ့အချိန်မှာ အကြာကြီးအိပ်ပစ်တယ်။
စိတ်ပျော်တာနဲ့ စိတ်ညစ်တာ...သင့်အတွက် အတူတူပဲ။
တကယ်တော့
သင်မှာ ကြိုးစားချင်စိတ်မှမရှိတာ။
(ဟောင်ကောင် သူဌေးကြီး Ka-shing Li)

Saturday, May 31, 2014

သူဌေးဖြစ်မဲ့သူနှင့်သာမန်သူဟာ ဘာကွာခြားသလဲ။

၀၁.သူဌေးဖြစ်မယ့်သူကတော့ လွတ်လပ်စွာ နေထိုင်နိုင်ဖို့အတွက် ပိုက်ဆံကို ရင်းနှီးပေမယ့်၊ သာမန်လူကတော့နောင်ရေးကိုတွေးပြီးပိုက်ဆံကိုစုလေ့ရှိတယ်။

၀၂.သူဌေးဖြစ်မယ့်သူကတော့ကိုယ်အပေါ်ကျေးဇူးရှိတဲ့သူအတွက်ပိုက်ဆံကိုသုံးဖို့ မနှမြော
ပေမယ့်၊ သာမန်သူကတော့ စုထားတဲ့ပိုက်ဆံလေးကုန်သွားမှာကို စိုးရိမ်ပြီး နည်းနည်းပဲ သုံးလေ့ရှိတယ်။

၀၃.သူဌေးဖြစ်မယ့်သူကတော့ဆုံးရှူံးသွားတဲ့ပိုက်ဆံကိုနောင်ပြန်ရှာရင်ရတာပဲလို့တွေးပြီးသာမန်သူကတော့ဆုံးရှူံးသွားတဲ့ပိုက်ဆံကိုတွေးပြီးရင်းတွေးလေ့ရှိတယ်။

၀၄.သူဌေးဖြစ်မယ့်သူကတော့ပိုက်ဆံမရှိလဲဘဝကိုဘယ်လိုပျော်အောင်နေရမလဲဆိုတာကို နားလည်တယ်။သာမန်သူကတော့ ပိုက်ဆံမရှိရင် ဘဝကို ပျော်ရွှင်အောင်နေလို့မရဘူးလို့ ထင်နေတတ်တယ်။

၀၅.သူဌေးဖြစ်မယ့်သူကတော့အနာဂတ်မှာဝင်ငွေကိုပိုများအောင်ဘယ်လိုလုပ်မလဲကိုတာကို စဉ်းစားပြီး၊သာမန်သူကတော့ အနာဂတ်မှာ ဝင်ငွေမရှိရင် ဘယ်လိုလုပ်မလဲဆိုတာကိုတွေးနေတတ်တယ်။

၀၆. သူဌေးဖြစ်မယ့်သူကတော့ ပိုက်ဆံကို ကိုယ့်ဟာကို ထိန်းသိမ်းရမယ်လို့ စဉ်းစားပြီးသာမန်သူကတော့ဘဏ်မှာထည့်ထားရင်စိတ်ချမ်းသာနေတတ်တယ်။

၀၇.သူဌေးဖြစ်မယ့်သူကတော့ခရီးသွားရင်ခရီးမှာတွေ့ခဲ့တဲ့အတွေ့အကြုံအသစ်တွေကိုရှာတတ်ပင်မဲ့သာမန်သူကတော့ခရီးမှာနေစဉ်ဘဝကိုမ့ပစ်ဖို့ကြိုးစားပါတယ်။

၀၈. သူဌေးဖြစ်မယ့်သူကတော့ ကိုယ့်ရဲ့လုပ်ငန်းကိုအောင်မြင်မယ်လို့ ယုံကြည်ပြီး အလုပ်လုပ်ပင်မဲ့ သာမန်သူကတော့ ငွေစုစာရင်းထဲက စုစုပေါင်းငွေ အပေါ်မှာ ကိုယ့်ရဲ့တန်ဖိုးကို ဆုံးဖြတ်လေ့ရှိတယ်။

၀၉. သူဌေးဖြစ်မယ့်သူကတော့ကျန်းမာရေးအတွက်စဉ်းစားပြီးသေသေချာချာ စားသောက်တတ်
ပေမယ့်၊ သာမန်သူကတော့ ပိုက်ဆံကိုချွှေတာပြီး ဖြစ်သလို စားတတ်သည်။

၁၀.သူဌေးဖြစ်မယ့်သူကတော့လူတွေအတွက်ဘာအကျိုးရှိအောင်လုပ်ရမလဲဆိုတာကိုစဉ်းစားပြီးသာမန်သူကတော့သူတပါးဆီကဘာကိုရမလဲဆိုတာကိုပဲ စဉ်စားလေ့ရှိ၏။

×××××××××××××××××××××××××××

Happniess is to you
Ref. Allabout

Monday, May 5, 2014

ဘွဲ့ရပြီး အလုပ်အကိုင် အခွင့်အလမ်း ရှားပါးနေတယ်ဆိုတာ ကြိမ်းသေပြီလား? (အလုပ်အကိုင် အခွင့်အလမ်းအတွက် အကျိုးတစ်ခုခု ဖြစ်ထွန်းမယ်လို့ မျှော်လင့်လျက်)


ဘွဲ့ရပြီး အလုပ်အကိုင် အခွင့်အလမ်း ရှားပါးနေတယ်ဆိုတာ ကြိမ်းသေပြီလား?
ကျွန်တော်တို့ နိုင်ငံမှာ ဘွဲ့ရပြီးကာစ လူငယ်တွေ၊ တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူတွေနဲ့ သူတို့ရဲ့ မိဘတွေ အမြဲတမ်း တွေးပူနေတဲ့ အကြောင်းအရာတွေထဲမှာ အလုပ်အကိုင်အခွင့်အလမ်းလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ “ဘွဲ့ရ အလုပ်မရှိ” ဆိုတဲ့ စကားဟာ လူငယ်တော်တော်များများ သူလိုကိုယ်လိုတွေထဲမှာ အလွန်ခေတ်စားတဲ့ စကားလုံး ဖြစ်လာခဲ့ပြီး ဘွဲ့လက်မှတ်ဆိုတဲ့ အရာကတော့ အသက်မွေးဝမ်းကြောင်းထက် ဂုဏ်သိက္ခာတစ်ခုလိုပဲ ဖြစ်လာခဲ့ပါတယ်။ ဒီအကြောင်းအရာတွေဟာ ကျွန်တော်တို့ မပြောင်းလဲနိုင်သေးတဲ့ စနစ်များရဲ့ ရိုက်ခက်မှုဒဏ်ကြောင့် ဖြစ်လာခဲ့ရတာကိုလည်း ကျွန်တော် မငြင်းလိုပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ မပြောင်းလဲနိုင်တဲ့ အပိုင်းကို အပြစ်ဖို့နေ သူတွေကိုတော့ သူတို့ရဲ့ တန်ဖိုးရှိတဲ့ လူငယ်ဘ၀အချိန်တွေကို အလဟာသဖြုန်းရာကျတယ်လို့ပဲ မြင်မိပါတယ်။
ကျွန်တော်တို့ တက္ကသိုလ်ဘွဲ့ရတွေ အားလုံး တက္ကသိုလ်ဝင်ခွင့်ဆိုတဲ့ ဆယ်တန်းစာမေးပွဲကြီးကို ဖြတ်သန်းလာခဲ့ကြတာပါ။ ယနေ့ခေတ်ကာလမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုပြီးသူတိုင်း အင်္ဂလိပ်စာ၊ တရုတ်စာ၊ LCCI၊ ကွန်ပြူတာ စတဲ့ သင်တန်းတွေကို မတတ်မဖြစ်ဆိုသလို တတ်ရောက်သင်ယူလေ့လာကြတာကိုလည်းတွေ့ရပါတယ်။ တက္ကသိုလ် ပထမနှစ် မရောက်ခင်ကတည်းက ဘာသာစကား၊ ကွန်ပြူတာအခြေခံ၊ စီးပွားရေးအကြောင်းအခြေခံ စတာတွေကို နားလည်တတ်ကျွမ်းခွင့်ရှိနေတာကိုက ကောင်းတဲ့အချက်ပါ။ ဒါပေမဲ့လည်း တချို့သော တက္ကသိုလ်ကျောင်းပြီးသွားချိန် ဘွဲ့ရပြီးသူများ Certificate ရဖို့အတွက် သီးသန့်ထပ်တတ်တဲ့ အပိုသင်တန်းတွေဟာလည်း ဆယ်တန်းစာမေးပွဲကြီး ဖြေဆိုအောင်မြင်ချိန်က တတ်ခဲ့တဲ့ သင်တန်းတွေနဲ့ ထပ်တူဖြစ်နေတာကတော့ နားမလည်နိုင်စရာပါ။
တက္ကသိုလ်ဘွဲ့ရပြီး အလုပ်လက်မဲ့ ဖြစ်နေတဲ့ လူငယ်တွေမှာ ဘာကြောင့် အလုပ်လက်မဲ့ ဖြစ်နေရတယ်ဆိုတဲ့ အကြောင်းကို ကျွန်တော် လေ့လာခဲ့ရာမှာတော့ အဓိက အချက်တစ်ခုကိုသာ သွားတွေ့ပါတယ်။ အဲ့ဒါကတော့ လုပ်ငန်းအတွေ့အကြုံပါ။ အနည်းဆုံး လုပ်သက် နှစ်နှစ်၊ သုံးနှစ်လောက်ရှိတဲ့ အလုပ်တွေရဲ့ လစာကိုမှ သူတို့က စိတ်ဝင်စားကြပြီး လုပ်ငန်းအတွေ့အကြုံမလိုဆိုတဲ့ အလုပ်တွေအတွက်တော့ လစာအားဖြင့်လည်းကောင်း၊ ရာထူးအားဖြင့်လည်းကောင်း စိတ်ဝင်စားခြင်း မရှိကြပါဘူး။ နောက်ထပ် စိန်ခေါ်မှုလို့ ဆိုရမယ့် အကြောင်းအရာတွေကတော့ အင်္ဂလိပ်စာ၊ အင်တာနက်နှင့် ကွန်ပြူတာ ဖြစ်နိုင်ပါတယ်။ နည်းပညာခေတ်ဖြစ်တာကြောင့် သုံးမျိုးစလုံးက လုပ်ငန်းခွင်တိုင်းမှာ တကယ်မရှိမဖြစ် လိုအပ်နေသလို နည်းပညာခေတ်မှာ မွေးဖွားလာခဲ့တဲ့ ကျွန်တော်တို့ လူငယ်တွေဟာလည်း အင်တာနက်နဲ့ ကွန်ပြူတာအခြေခံအတွက်တော့ အထူးတလည် ကြိုးစားအားထုတ် လေ့လာဖို့ လိုမယ်မထင်ပါဘူး (နည်းပညာလောကသားများကို အထင်သေးခြင်းမဟုတ်ပါ အခြေခံ MS Word, internet, email အသုံးပြုခြင်းကို ဆိုလိုခြင်းဖြစ်သည်)။
“ဒါဆို အလုပ်ဘယ်လိုရအောင် လုပ်ရမလဲ?” ဒီစာကို ဖတ်ရင်း ကျွန်တော့်ကို မေးချင်နေတဲ့ စာဖတ်သူမိတ်ဆွေရဲ့ မေးခွန်း ဖြစ်နိုင်ပါတယ်။ အောက်မှာ ကျွန်တော် ပေးထားတဲ့ နည်းလမ်းတွေကို အသုံးပြုကြည့်ရင်တော့ အလုပ်ရမယ်လို့ အာမမခံနိုင်ပေမဲ့ ဘာမှ မလုပ်ဘဲ နေတာထက် စာရင် အနည်းငယ် အကျိုးရှိမယ့် နည်းလမ်းလေးတွေ ဖြစ်လိမ့်မယ်တော့ ပြောရဲပါတယ်။
(၁) CV Form ရေးခြင်း
လုပ်ငန်းခွင်မ၀င်ခင်၊ အလုပ်အင်တာဗျူး မဖြေခင် အလုပ်ရှင်က အရင်ဆုံး မြင်တွေ့နိုင်တဲ့ ကိုယ့်အကြောင်းကိုယ် ဖော်ပြနိုင်ခွင့်ရှိတဲ့ စာရွက်တစ်စုံပါ။ အလုပ်ရှင်က ကိုယ့်ကို အင်တာဗျူးခေါ်ဖို့ ဆက်သွယ်သင့်လား မသင့်လားကို CV form ကို ကြည့်ပြီး ဆုံးဖြတ်လေ့ရှိတာကြောင့် CV form မှာ First Impression ရဖို့ အလွန်အရေးကြီးပါတယ်။ ဒါ့ကြောင့် အသင့်ပြုလုပ်ပြီးသား ၅၀ကျပ်၊ ၁၀၀ကျပ်တန် CV form စာရွက်တွေကို ၀ယ်ဖြည့်မဲ့ အစား ကိုယ်တိုင် CV တစ်ရွက်လောက် လုပ်ကြည့်ပြီး အလုပ်ရှင်ထံပေးတာက ပိုအဆင်ပြေပါတယ်။ Online ပေါ်မှာ ကိုယ်တိုင် CV ပြုလုပ်နိုင်တဲ့ site တွေကတော့ http://www.resume.com, http://cvmrk.com ဖြစ်ပါတယ်။ ကွန်ပြူတာထဲမှာ ကိုယ်တိုင် Word နဲ့ စိတ်ကြိုက် CV ပြုလုပ်ဖို့အတွက်တော့ Google Image မှာ “Professional CV” လို့ ရှာဖွေပြီး လေ့လာ ပြုလုပ်နိုင်ပါတယ်။
(၂) LinkedIn Account ပြုလုပ်ထားပါ
“LinkedIn” ဆိုတဲ့ စကားကို ရင်းနှီးသူ ရှိသလို အနည်းငယ် စိမ်းနေတဲ့ သူတွေလည်း ရှိနိုင်ပါတယ်။ www.linkedin.com ဆိုတာကတော့ ကမ္ဘာတစ်ဝန်း စီးပွားရေးလုပ်ငန်းပိုင်းမှ လူများစွာ အသုံးပြုကြတဲ့ Facebook လိုမျိုး အနည်းငယ်ဆင်တူတဲ့ လူမှုကွန်ရက်တစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ CV form ထဲမှာ အလုပ်ရှင်နဲ့ ရင်းနှီးမှုလွယ်အောင် မိမိ Facebook link ထည့်ပေးထာထက် စာလို့ရှိရင် LinkedIn link ထည့်ပေးတာကို လုပ်ငန်းရှင်များက ပိုပြီး သဘောကျလေ့ ရှိပါတယ်။ ကျွန်တော့် LinkedIn Account ကတော့ www.linkedin.com/in/winkokoaung ပါ။
(၃) Professional ဆန်သည့် email address ရှိပါစေ
လုပ်ငန်းခွင်အတွက် CV form ဖြည့်သည့် အချိန်မှာ ကိုယ့် email address ကို ထည့်ရေးရလေ့ရှိပါတယ်။ ဒါပေမဲ့ မိမိ email address ဟာ လုပ်ငန်းနဲ့ မသက်ဆိုင်ဘဲ romantic ဆန်နေသည့် အမည်မျိုး၊ ဘာအဓိပ္ပါယ်မှန်းမသိသည့် အမည်မျိုး ဖြစ်နေရင်တော့ စာဖတ်သူမိတ်ဆွေအတွက် impression ရနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်အမည် သို့မဟုတ် အမည်နှင့် ဂဏန်းနံပါတ်တစ်ခုခု ပါတဲ့ email address ကို အသစ်ဖွင့်ပြီး personal အသုံးပြုပါ။ gmail မှာ ကိုယ်လိုချင်တဲ့ address မရခဲ့ရင်လည်း yahoo, outlook, AOL စတဲ့ email service တွေ ရှိနေတာကိုလည်း သတိပြုပါ။
(၄) Certificate အတွက် သင်တန်းတတ်တာလား?
သေချာစဉ်းစားပါ။ ကိုယ့်စိတ်ထဲမှာ ကိုယ်ပြန်ဖြေကြည့်ပါ။ သင်တန်းတစ်ခုကို ဘာကြောင့်တတ်တာလဲ? အသိပညာ အတတ်ပညာ အတွက် တတ်သူများ ရှိပေမဲ့ Certificate အတွက် တစ်ခုတည်းသာ အာရုံစိုက်ပြီး တတ်သူများလည်း ရှိပါတယ်။ တကယ် လက်တွေ့ မကြာခဏ မြင်ဖူးပါတယ်။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က လက်ရှိအလုပ်မှာ Certificate ပြပြီး ရာထူးထက်တိုးဖို့ (သို့) ကိုယ်ဝင်ရောက်မယ့် လုပ်ငန်းခွင်တစ်နေရာအတွက် သေချာအောင်လို့ ဆိုတဲ့ ရည်ရွယ်ချက်ပါ။ ကာလအခြေအနေအရ Certificate က အရေးမကြီးဘူး မဆိုလိုပါဘူး၊ အာမခံလက်မှတ်တစ်ခုအနေနဲ့ ရှိနေကြောင်းကိုတော့ လက်ခံပါတယ်။ အကယ်၍ အကြောင်းကြောင်းကြောင့် လုပ်ငန်းခွင် အင်တာဗျူးမှာ Certificate မပြနိုင်ခဲ့ရင်တောင် CV ထဲမှာ ထည့်ရေးပါ။ လုပ်ငန်းရှင်ဘက်က Certificate အကြောင်း မေးခဲ့ရင်တော့ ကိုယ်လေ့လာထားတာကို ချပြလိုက်ရုံပါပဲ။ ပညာတတ်ပြီး Certificate မရှိလို့ အလုပ်မခန့်ဘူးဆိုတဲ့ လုပ်ငန်းရှင် မရှိပါဘူး။
(၅) အလုပ်ဘယ်မှာ ရှာမလဲ?
ဟုတ်ပါပြီ။ အပေါ်က အချက်တွေကို လုပ်နိုင်ပါပြီ။ အဆက်အသွယ် မကောင်းလို့ အလုပ်ဘယ်မှာ ရှာရမှန်းမသိဘူး။ အေဂျင်စီနဲ့လည်း မသွားချင်ဘူး။ ရပါတယ် ကိစ္စမရှိပါဘူး… လူတိုင်း အနည်းဆုံး ဖုန်းတစ်လုံးလောက် ကိုင်ပြီး အင်တာနက်သုံးနေတဲ့ ခေတ်ကြီးမှာ အလုပ်အကိုင်အခွင့်အလမ်း လုံးဝမရှားပါဘူး။ အင်တာနက်ပေါ်မှာဆိုရင် http://www.myjobs.com.mm/, http://www.work.com.mm/ ဆိုဒ်တွေ အပြင် အခြားသော အလုပ်ရှာ ဆိုဒ်တွေ အများကြီးရှိပါတယ်။ ကိုယ်က စိတ်ဝင်စားတဲ့ အလုပ်အကိုင်ကို တွေ့ပြီဆိုရင် email ကနေ အသင့်ရေးထားတဲ့ pdf, docx ဖိုင်နဲ့ CV ပို့လိုက်ရုံပဲ။ ဒါမှမဟုတ်လည်း ဆိုဒ်တွေမှာ ကိုယ့် CV ကို တင်ထားလိုက်ပါ… လုပ်ငန်းရှင်တွေက တွေ့ပြီး နှစ်သက်ရင် သူတို့ဘက်က email ပို့ပြီး job alert လုပ်ကြပါလိမ့်မယ်။
(၆) သင်တန်းတွေလည်း တတ်စရာရှိသေးတယ် full – time မလုပ်ချင်ဘူး
ဖြစ်ပါတယ်။ ကျွန်တော် စောစောက အပေါ်မှာ ပြောထားတဲ့ အလုပ်အကိုင်ရှာဖွေဆိုဒ်တွေထဲမှာ အချိန်ပိုင်းအလုပ်တွေကိုလည်း ရှာနိုင်ပါတယ်။ ကိုယ်က အင်္ဂလိပ်လို ကျွမ်းကျင်ပြီး နိုင်ငံခြားသားနဲ့ စကားပြောရဲ ဆိုရဲရှိတယ်ဆိုရင်တော့ https://www.elance.com/, https://www.odesk.com/ ဆိုဒ်တွေမှာ register လုပ်ပြီး အလုပ်ရှာဖွေလို့ရပါတယ်။ အဲ့ဒီ site တွေမှာ Project အလိုက် လုပ်ရတဲ့ freelance အလုပ်တွေရှိသလို part – time အလုပ်တွေကိုလည်း ရှာဖွေနိုင်ပါတယ်။ Freelance သမားတွေအတွက် စကားပြန်၊ ဘာသာပြန်တွေနဲ့ web design အလုပ်တွေ ခေတ်စားပါတယ်။
(၇) အလုပ်လုပ်ချင်သော်လည်း…?
အလုပ်လုပ်ချင်ပေမဲ့ နိုင်ငံခြား ကျောင်းသွားတတ်ဖို့ ပြင်ဆင်ရမယ်၊ ဘွဲ့လွန်တန်းတွေ တတ်ဖို့အတွက် ပြင်ဆင်ရမယ်။ ဒါတွေကြောင့် မအားလို့ အလုပ်မလုပ်ဖြစ်ဘူး။ ရပါတယ်… ကိုယ်တိုင် အားလပ်ချိန်မှာ အလုပ်မလုပ်နိုင်ပေမယ့်လည်း လူမှုပတ်ဝန်းကျင်အတွက်ရော၊ အနာဂါတ်အတွက်ရော အကျိုးရှိစေမယ့် လုပ်ငန်းမျိုးကိုလုပ်ကြည့်ပါ။ Forbes မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ စစ်တမ်းအရ နိုင်ငံတကာ လုပ်ငန်းရှင် ငါးယောက်မှာ တစ်ယောက်က လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်လှုပ်ရှားခဲ့ခြင်းကို လုပ်ငန်းအတွေ့အကြုံ သဘောလို့ သတ်မှတ်တယ် လို့ ဖော်ပြထားပြီး ကျန်တဲ့ သုံးယောက်ကတော့ လူမှုရေးလုပ်ငန်းအတွေ့အကြုံရှိသူတစ်ယောက်ကို လူမှုရေးလုပ်ငန်း မလှုပ်ရှားဖူးသူနဲ့ ယှဉ်ရင် လူမှုရေးလုပ်ငန်းအတွေ့အကြုံရှိသူကို လုပ်ငန်းခွင်အတွက် ရွေးချယ်လေ့ ရှိတယ်လို့ ဆိုပါတယ်။ လူမှုရေးလုပ်ရှားမှုတွေ ဆောင်ရွက်ဖို့ အဖွဲ့အစည်း မရှိသေးဘူးဆိုရင်တော့ https://www.facebook.com/pages/Myanmar-Youth-Initiative ကို ဆက်သွယ်ပြီး လူမှုရေးလှုပ်ရှားမှုတွေ အတူတကွ ပူးပေါင်းပြုလုပ်နိုင်ပါတယ်။
Win Ko Ko Aung
(Visionary Enterprise)

အလုပ်လက်မဲ့ ဖြစ်နေတဲ့ ကာလကို ဘယ်လိုရင်ဆိုင်မလဲ?


ဆိုလိုတာက အလုပ်မလျှောက်လို့ အလုပ်လက်မဲ့ ဖြစ်နေချိန်ကို ဆိုလိုခြင်း မဟုတ်ဘဲ အလုပ်တစ်ခုက ထွက်ပြီးတဲ့ အချိန် နောက်အလုပ်တစ်ခုကို လျှောက်ဖို့ ရှာဖွေနေဆဲ (သို့) လျှောက်ထားနေဆဲ အချိန်ကို ပြောလိုတာပါ။ အဲ့ဒီကာလကို ဖြတ်သန်းနေရစဉ်အတွင်း ၀င်ငွေမရှိနိုင်ဘူး၊ ကိုယ့်မှာ ထမ်းဆောင်ရမယ့် တာဝန်မရှိပါဘူး။ အလွန်အားလပ်နေတဲ့ ကာလတစ်ခုလို့ ဆိုချင်စရာပါ။ ဒီတော့ လူငယ်တွေအနေနဲ့ ကိုယ်အလုပ်သစ် တစ်ခုမှာ တာဝန်မထမ်းဆောင်ခင် အားလပ်နေတဲ့ အချိန်ကာလအပိုင်းအခြားလေးမှာ ဘာတွေ လုပ်ဆောင်ရမလဲဆိုတာကို အကြံပေးလိုက်ပါတယ်။
(၁) စာအုပ်ဖတ်ပါ
အလုပ်တွေရှုပ်နေတဲ့ ကာလတုန်းက စာအုပ်ဖတ်ဖြစ်လား ကိုယ်တိုင်သေချာ ပြန်စဉ်းစားကြည့်ပါ။ ခုလို အားလပ်ချိန်ကာလဟာ တကယ့်ကို ကောင်းမွန်တဲ့ စာဖတ်ကာလကြီး တစ်ခုဖြစ်ပါတယ်။ စာအုပ်ဖတ်ရာမှာလည်း ရသစာပေထက် ကိုယ်ဆက်သွားမယ့် အသက်မွေးဝမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ စာပေကို အလေးပေးဖတ်ရှုပြီး နောက်ထပ် အလုပ်သစ်တစ်ခု အတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ဘ၀တက်လမ်းအတွက် အကျိုးရှိစေမယ့် စာအုပ်တွေကိုလည်း ရွေးဖတ်စေလိုပါတယ်။ နိုင်ငံခြားစာအုပ်များကို ဖတ်ချင်တယ်ဆိုရင်လည်း သံရုံးများမှ ဖွင့်လှစ်ထားတဲ့ စာကြည့်တိုက်များမှာ အလွယ်တကူ ဌားရမ်းနိုင်ပြီး နာမည်ကျော်ကြားသော စာအုပ်များဆိုလျှင် အင်တာနက်ဝက်ဆိုဒ်များပေါ်မှ တဆင့် လွယ်လင့်တကူ အခမဲ့ pdf ဖိုင် အဖြစ် ရှာဖွေ ရယူနိုင်ပါတယ်။
(၂) ပညာရပ်ဆိုင်ရာ လေ့လာပါ
အလုပ်သစ်ကလည်း ဘယ်အချိန်မှန်းမသိသေးဘူး။ သင်တန်းချိန်တွေနဲ့ တိုက်နေရင် ဘယ်လိုလုပ်မလဲ။ ကိစ္စမရှိပါဘူး… နည်းပညာခေတ်ကြီးထဲမှာ ပညာရေး ဝေးသည် နီးသည်မရှိဘဲ အင်တာနက် အသုံးပြုကာ လွယ်လင့်တကူ လေ့လာလို့ ရနေပါပြီ။ အားလပ်တဲ့ အချိန်၊ အင်တာနက် လိုင်းကောင်းချိန်မှာ အိမ်ကနေတဆင့် လွယ်လင့်တကူ လေ့လာနိုင်တဲ့ အင်တာနက်အခြေပြု ပညာရပ်ဆိုင်ရာ ၀က်ဆိုဒ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
http://www.alison.com/ ပညာရပ်ပေါင်းများစွာကို တစ်နေရာတည်းမှာ အခမဲ့ လေ့လာသင်ယူခွင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။ Certificate တန်းနဲ့ Diploma တန်း နှစ်မျိုး နှစ်စား ခွဲခြားထားပြီး Chapter အလိုက် assignment section ပါဝင်တာကြောင့် အမှန်တကယ် မလေ့လာဘဲ Course မပြီး မြောက်နိုင်ပါဘူး။ ဥရောပနိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ အိုင်ယာလန်နိုင်ငံ အခြေစိုက် ဒီ ပညာရေးဝက်ဆိုဒ်ဟာ နိုင်ငံတကာမှာတော့ လုပ်ငန်းရှင်များရဲ့ အသိအမှတ်ပြုမှုကို ခံထားရတဲ့ အင်တာနက်ပေါ်မှ ပညာရေးလေ့လာတဲ့ ၀က်ဆိုဒ်ကောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။
http://www.myownbusiness.org/ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တည်ထောင်ချင်တဲ့ လူငယ်တွေအနေနဲ့ လေ့လာထားသင့်တဲ့ အကြောင်းအရာများစွာ ဒီဝက်ဆိုဒ်မှာ ရှိပါတယ်။ သူဟာလည်း Chapter အလိုက် Notes တွေပေးထားပြီး Chapter အလိုက် Exam တွေလည်း ဖြေဆိုရပါတယ်။ သတ်မှတ်ထားတဲ့ အမှတ်ရမှ Chapter အောင်မြင်တာကြောင့် အမှန်တကယ် လေ့လာထားမှသာ ဖြေဆို အောင်မြင်နိုင်မှာပါ။
http://www.life-global.org/ နိုင်ငံတကာ နည်းပညာ ကုမ္မဏီကြီး တစ်ခုဖြစ်တဲ့ HP မှ ကြီးမှုးပြုလုပ်တဲ့ စွန့်ဦးတီထွင်များအတွက် ပရိုဂရမ်ဖြစ်ပါတယ်။ HP Life Global Entrepreneurship Program ကြောင့် ထူးချွန်အောင်မြင်သွားတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှ လူငယ်များရဲ့ Success Story များကို ဖတ်ရှုနိုင်မှာ ဖြစ်သလို အခြားသော ၀က်ဆိုဒ်များနဲ့ မတူဘဲ သင်ခန်းစာတိုင်းကို မပျင်းရိရအောင် Game ပုံစံ အမေးအဖြေ ပုံစံမျိုးနဲ့ ပြုလုပ်ထားပါတယ်။
(၃) အခြားသော လူမှုကွန်ရက်များထက် LinkedIn ကို ပိုသုံးပါ
ပျင်းပျင်းရှိနဲ့ Facebook မှာ status တွေတင်၊ like တွေ လျှောက် နှိပ် လုပ်မဲ့ အစား LinkedIn ကို ပိုပြီး သုံးဖို့ အကြံပေးလိုပါတယ်။ LinkedIn ဆိုတာကတော့ ကမ္ဘာ့စီးပွားရေးလုပ်ငန်းနယ်ပယ်ပေါင်းစုံမှ Professional များ စုစုံရာ Social Network တစ်ခုပါ။ အဲ့ဒီမှာ တစ်နေ့တာအတွက် စီးပွားရေးဆိုင်ရာ သတင်းဆောင်းပါးများကို ဖော်ပြပေးပြီး Facebook သုံးနေတာထက်စာရင် စီးပွားရေးဆိုင်ရာ မိတ်ဆွေလည်း တိုးပွားလာနိုင်သလို အခွင့်အလမ်းလည်း ရှိလာနိုင်ပါတယ်။
(၄) အချစ်အကြောင်းများကို မေ့ထားပါ
ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။ အလွန်အားလပ်နေတဲ့ ကာလဖြစ်တာကြောင့် အချစ်အကြောင်း စဉ်းစားချင် စဉ်းစားနေနိုင်ပါတယ်။ အချစ်ဟောင်းကို လွမ်းဆွတ်နေသလို အချစ်သစ်ကိုလည်း ရှာချင်ရှာပါလိမ့်မယ်။ ရည်မှန်းချက်ရှိတဲ့ လူငယ်တစ်ယောက်အနေနဲ့ လေ့လာလိုစိတ် သင်ယူလိုစိတ် ပြင်းထန်နေချိန်မှာ အချစ်အကြောင်းကို မေ့ထားတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အချစ်ဆိုတဲ့ အရာဟာ လူငယ်တစ်ယောက်ရဲ့ ရည်မှန်းချက်တွေ၊ လေ့လာလိုစိတ်တွေ၊ သင်ယူလိုစိတ်တွေ ကို လုံးဝအဆုံးထိ ဆွဲချသွားနိုင်တာကြောင့်ပါ။
(၅) ကိုယ်ပိုင်လုပ်ငန်း တည်ထောင်ဖို့ ကြိုးစားကြည့်ပါ
အလုပ်ထွက်ပြီး အလုပ်သစ်လျှောက်တဲ့ အချိန်မှာ အလုပ်သစ်ကလည်း သိပ်အဆင်မပြေလို့ စိတ်ညစ်နေပြီပေါ့။ မပူပါနဲ့… သူတစ်ပါးစေမှ အလုပ်လို့ မထင်ပါနဲ့။ ကိုယ့်ရဲ့ လုပ်ငန်းခွင် အတွေ့အကြုံ၊ သင်ကြားခဲ့ဖူးတဲ့ စာတွေ့အကြောင်းအရာတွေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် ကျွမ်းကျင်မှု ပေါင်းပြီး လုပ်ငန်း တစ်ခု တည်ထောင်ဖို့ စိတ်ကူးကြည့်ပါ။ မဖြစ်နိုင်ဘူးဆိုတာ လုံးဝမရှိပါဘူး… ဒီခေတ်မှာ ပိုက်ဆံထက် idea က အဓိကကျနေပါပြီ။ အလုပ်သစ် လျှောက်ရာမှာ အဆင်မပြေတာကြောင့် ကိုယ်ပိုင်လုပ်ငန်း ထူထောင်ပြီး အောင်မြင်သွားခဲ့တဲ့ လူတွေ ကမ္ဘာပေါ်မှာ အများအပြားရှိပါတယ်။ အဲ့ထဲက အထင်ရှားဆုံး အကြောင်းကတော့ Honda ကားကုမ္မဏီကို တည်ထောင်ခဲ့တဲ့ Soichiro Honda ဖြစ်ပါတယ်။ သူဟာ Toyota ကုမ္မဏီမှာ အင်ဂျင်နီယာ ရာထူးနဲ့ အလုပ်လျှောက်ခဲ့ပေမဲ့ Toyota ၀န်ထမ်းတစ်ယောက်အနေနဲ့ ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။ တကယ်လို့သာ Soichiro Honda တစ်ယောက် Toyota မှာ အရွေးချယ် ခံရရင် Honda ကားကုမ္မဏီ ပေါ်လာဖွယ် ရှိမှာလည်း မဟုတ်တော့ပါဘူး။
Win Ko Ko Aung
(Visionary Enterprise)

Monday, April 28, 2014

အိုင်းစတိုင်းက ဒီလိုပြောတယ်


(၁) အမြဲတန်း သိချင်စိတ်ကို ပြင်းပြင်နေပါစေ
(၂) ဘယ်အရာကိုမှ မိမိနှင့် မဆိုင်သလို မနေပါနဲ့
(၃) ရောက်ရာနေရာမှာ အာရုံစူးစိုက်ပါ
(၄) မှားနေတဲ့ အတွေးအခေါ် အယူအဆတွေကို ပြင်လိုက်ပါ
(၅) အချိန်ကို တန်ဖိုးရှိအောင် အသုံးချပါ
(၆) အသိပညာ ဗဟုသုတတွေကို ကြွယ်ဝအောင်ကြိုးစားပါ
(၇) မိမိကိုယ်ကိုယ် စည်းကမ်းတကျ ကောင်းမွန်အောင် နေထိုင်လိုက်ပါ
(၈) သူတစ်ပါး စကားပြောနေတဲ့ အချိန်မှာ နားထောင်ပါ။ စကားကို လုမပြောပါနဲ့။
(၉) ဘဝဟာ တိုတိုလေးမို့ အရာရာကို အကောင်းဘက်မှ မြင်နိုင်အောင် ကြိုးစားပါ
(၁၀) မဆုတ်မနစ်သော အပတ်တကုတ်ကြိုးစားသော လုံ့လ ဝီရိယ ရှိဖို့တော့ လိုတယ်
ကျော်လင်းနိုင် (ရိုးရာလေး)

Friday, March 7, 2014


လုပ်ငန်းရှင်ဖြစ်လာဖို့ သွားရန် နည်းလမ်း
ဒါကတော့ နိုင်ငံတကာက ပြောတဲ့ Formal Step တွေပေါ့နော်။ မြန်မာပြည်နဲ့ကတော့ ဘယ်တူပါ့မလဲ။ သို့ပေ မယ့် လေ့လာလို့ရအောင် သူတို့ နည်းလမ်းလေးကို မျှဝေ ပေးလိုက် ရပါတယ်။

1. Find a Product (or idea)

ပထမဆုံး ကုန်ပစ္စည်းတစ်ခုကို ရှာဖွေရမယ်။ အိုင်ဒီယာဆိုလည်း အိုင်ဒီယာပေါ့။ အဲဒါက လူသိများကောင်း လူသိများလိမ့်မယ်။ သို့ပေမယ့် ပြီးပြည့်စုံလောက်အောင် မကောင်းသေးတဲ့ အရာတစ်ခု။

2. Buy One and Stuty it

အဲ့ ပစ္စည်းကို ဝယ်ရမယ်။ ပြီးတော့ အသေးစိတ် ကျကျ လေ့လာရမယ်။ အိုင်ဒီယာဆိုရင်လည်း ယင်း အိုင်ဒီယာကို အတွင်းကျကျ လေ့လာရမယ်။ လိုအပ်ရင် ထပ်မံ သင်ယူရအုံးမယ်။

3. Figure out how to improve it

အသေးစိတ်လည်းလေ့လာပြီးပြီ။ သင်ယူလေ့လာမှုလည်း ပြီးပြီ။ ဒါဆိုရင် နောက်တစ်ဆင့် တက်ရမှာက ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

4. Make a Prototype

ဖွံ့ဖြိုးအောင်လည်းလုပ်ပြီးပြီဆိုရင် Sample တစ်ခု အရင်ထုတ်ရပါမယ်။ ကနဦး စံနမူနာပစ္စည်း တစ်ခု ဖန်တီး ယူရပါမယ်။

5. Show the prototype to 100 people

လူသိပ်အများကြီးကို ပြစရာမလိုသေးဘူး။ Selected people ပဲ။ ရွေးထားတဲ့ သူတွေက ကို စံနမူနာ၊ အိုင်ဒီယာကို ဖောက်စားမယ့်သူ မဟုတ်ဖို့တော့ လိုပါမယ်။

6. Remake it

စံနမူနာကို Selected people ကိုလည်း ပြသပြီးသွားပြီဆိုရင် နောက်တစ် ဆင့် တက်ရမှာက remake ပါ။ သူတို့ ပေးတဲ့ Feedback ကိုအခြေခံလို့ အကောင်းဆုံးပြန်လည်ဖန်တီးရပါမယ်။ End Customer အတွက် လိုချင်စိတ် ပေါက်ရလောက်တဲ့ အထိ ဖြစ်ပါတယ်။

7. Find a co-founder

ကိုယ့် ပရောဂျက်က အရမ်းကြီးတယ်ဆိုရင် တစ်ယောက်တည်းနဲ့ မရတော့ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အတူတွဲလုပ်မယ့် ပါတနာတော့ လိုပါမယ်။ co-fouder ပါ။ လက်တွဲလုပ်သူ တစ်ယောက်လည်း ခပ်ကောင်းကောင်း ပါတယ်ဆိုရင် အိုင်ဒီယာလည်း ပိုထွက်ပါတယ်။

8. Split with your co-founder

Co-founder နဲ့ ဆက်လုပ်တာပဲ ဖြစ်ဖြစ်၊ လမ်းခွဲတာပဲ ဖြစ်ဖြစ် ဒီ Level မှာ တိတိကျကျ အဖြေထွက်ဖို့ လိုပါတယ်။ တစ်ဖက်ကလည်း profit တစ်ခုရဖို့ ဖန်တီးကြိုးစားပေးတဲ့နေရာမှာ တစ်ခုမှ ပြန်မပေးနိုင်ရင် Split လုပ်ဖို့ ခက်ခဲပါတယ်။ ဒီတော့ ၅၀-၅၀ . ၅၀-၄၀ စွမ်းဆောင်ချက်၊ ရလဒ် အလျောက် သေချာ ခွဲတမ်းချပြီး ရှေ့ ဆက်ဖို့ လိုအပ်ပါတယ်။

9. Find a investor

ငွေထည့်မယ့် လုပ်ငန်းရှင်လိုအပ်ပါတယ်။ ယင်းလုပ်ငန်းရှင်ကို ကိုယ်ဖန်တီးထားတဲ့ Product ကို ချပြရပါမယ်။ Detail မလိုပါဘူး။ Investor အတွက် Profit and Process လောက်ပဲ focus လုပ်ပြီး Explain တာ ကောင်းပါတယ်။ Data Detail သွားရှင်းမိရင် Investor က Holder ဖြစ်သွားနိုင်ပါတယ်။

10. Give her your percentage

အိုင်ဒီယာမပါ ငွေရင်းသာစိုက်သူအတွက် ၁၀ ရာခိုင်နှုန်း လို့ ပုံသေတော့ သတ်မှတ်လို့ မရပါဘူး။ သို့ပေမယ့် ၁၀ ပုံပုံ ၃ ပုံထပ်ပိုပေးမိရင်တော့ ကိုယ့် Product က သူ့ Product ဖြစ်သွားနိုင်ပါတယ်။

11. Make the product

ငွေလည်းရှိပြီ။ Resource ရပြီ ဆိုရင် Product ထုတ်ဖို့ စနိုင်ပါပြီ။ ဒီအဆင့်မှ Product က ထုတ်လုပ်တာပါ။ လက်ထဲမှာ co founder နဲ့အတူဖန်တီးထားတဲ့ finalize product simple ပဲ ရှိပါသေးတယ်။

12. Sell your product

နေရာဒေသ အလိုက်ပေါ့။ ကိုယ့် ကုန်ပစ္စည်းကို Customer ဘယ်လောက်ဆီ ဘယ်လောက် ရောင်းနိုင်ရမယ်ဆိုတာ ကိုယ်တိုင် Target ထားရမှာပါ။

13. Get more money

ကုန်ပစ္စည်း ရောင်းချပြီဆိုရင်တော့ ငွေကတော့ ဝင်ပါပြီ။ ဝင်ငွေကို ခွဲတမ်းချပြီး Production အတွက် ထပ်မံ Invest လုပ်ရပါမယ်။

14. Go to Stock

စတော့ ရှယ်ယာဈေးကွက်သို့ ဝင်ရောက်ခြင်းပါ။ ဒါကလည်း မြန်မာပြည်မှာ မကြာမီ နှစ်အနည်းငယ် အတွင်း ဖြစ်လာတော့မယ် ဈေးကွက်ပါ။ စတော့ရှယ်ယာဈေးကွက်ကြောင့် ပုံမှန်လည်ပတ်နေတဲ့ Money Cycle အတွက် အဓိက Profit ရနိုင်တဲ့ source တစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။ ရှယ်ယာရောင်းမယ်။ ရှယ်ယာရှင် အသစ်တွေ ဝင်လာမယ်။ ရှိရင်းစွဲတွေ ထွက်မယ် အစရှိသဖြင့် လည်ပတ်နေတဲ့ စတော့ရှယ်ယာ ဈေးကွက် က ခေါင်းစားစရာနေရာတစ်ခုလည်း ဖြစ်လာမှာပါ။

ဒီတော့ စတော့ရှယ်ယာ ဈေးကွက်အကြောင်း ကို သေချာ လေ့လာ ထားဖို့လိုအပ်ပါနိုင်ပါတယ်။ နိုင်ငံတကာက စတော့ရှယ်ယာ အပြင် ပြည်တွင်းမှာ ဖြစ်ပေါ်လာနိုင်မယ့် ပုံစံကို ယခုကတည်းက ကြိုတင်လေ့လာထားဖို့ လိုအပ်ပါတယ်။ အနာဂတ်ဟာ မဝေးတော့ပါဘူး။ လူတိုင်း ကြိုးစားရင်၊ အိုင်ဒီယာကောင်း၊ Product ကောင်းရှိရင် လုပ်ငန်းရှင် ဖြစ်နိုင်ပါတယ်။ အထက်ပါ ဖော်ပြချက်များ က နိုင်ငံတကာ ကပြောတဲ့ အကြောင်းအရာပါ။ ပြည်တွင်းမှာ ဒါနဲ့ ထပ်တူကျဖို့ မသေချာ ပါဘူး။ Localization အတွက် Change လုပ်ရမယ့် Strategy တွေ အများကြီးပါ။ အားလုံး Business Idea ရဖို့ ရေးသား မျှဝေ ပေးလိုက် ရပါတယ်။
.
credit: အောင်ခမ်း (ရိုးရာလေး)

Wednesday, February 12, 2014

သင့်ကိုယ်သင် ပြန်ကြည့်ပါ


1. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကိုလျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။



2. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်လုပ်လိုက်ပါ။



3. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။



4. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ဘယ်သူမှလဲဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။



5. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ



့6, အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။



7. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။



8. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။



9. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။



10. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။



11. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်မဖြစ်နိုင်ပါဘူး။



12. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလိုဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။



13. များများပြုံးပါ၊ များများရီပါ။



14. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။



credit to unknown

Thursday, January 16, 2014

ဘဝ


ပျော်ရွှင်အောင်နေတာလဲမင်းစိတ်ပါ စိတ်ညစ်အောင်လုပ်တာလဲ မင်းစိတ်ပါ
ဒါပေမဲ့ ပျော်ရွှင်ဖို့အတွက်တော့ လွယ်ပေမဲ့ စိတ်ညစ်အောင်လုပ်တာလည်း ကိုယ်မျက်စိရှေ့မှာတင် ဖြစ်ပျက်သွာတာလေးကို တွေ့ရလိမ်မယ်။
မင်းဘ၀ကို ဒီနှစ်မျိုးထဲက ဘယ်ဟာကို ဦးတည်မလဲ ………….
ပျော်ရွှင်မှုရဲ့ နောက်ကွယ်မှာ စိတ်ညစ်မှုတွေလည်း ရှိတယ်ဆိုတာ သင်မှတ်ထားပါဦး
ထို့အတူပဲ စိတ်ညစ်မှုတွေ့ရဲ့နောက်မှာလည်း ပျော်ရွှင်တစ်ခုကို ရှိနေတယ်ဆိုတာ သင်မှတ်မိလောက်မယ်ထင်ပါတယ်။
ကဲသင်ဘယ်လမ်းကိုရွေးမလဲ အဆုံးမရှိသော ပျော်ရွှင်မှု အဆုံးမရှိသော စိတ်ညစ်မှု
ဘ၀ကို စိတ်ညစ်ရာတွေတိုင်း စိတ်ညစ်နေမယ်ဆိုရင် မင်းဘ၀ကြီးတိုးတက်မယ်လို့

 မထင်လိုက်ပါနဲ့ သူငယ်ချင်း
ဘ၀ကို ပျော်ရွှင်စရာတွေ ကြုံတိုင်း ပျော်ပျော်ကြီးနေမယ်ဆိုရင် မင်းဘ၀ ဟာ ဒီပျော်ရွှင်မှုတွေနဲ့အတူ ဘာမှ ထူးလာမယ် မထင်ပါ သူငယ်ချင်း။
သို့သော် ပျော်ရွှင်မှုတစ်ခုကို မူတည်ပြီး နောက် ငါလည်း စိတ်ညစ်စရာတွေ ကြုံလာတဲ့အခါအတိုင်းမှာ ဒီလိုမျိုးပျော်ရွှင်မှုတွေ ပြန်မြင်ယောင်ပြီး မင်းဘ၀ကို ဖြတ်သန်းလိုက်ပါ။
စိတ်ညစ်စရာတွေတွေ ကြုံတိုင်းလဲ မင်းအားမငယ်ပါနဲ့ တစ်ချိန်ကမင်းပျော်ရွှင်ခဲ့ဖူးတာကို ပြန်မြင်ယောက်ပြီးတော့ မင်းဘ၀ကို ဖြတ်သန်းလိုက်ပါ။
ဘ၀အတွက်ကောင်းသောအဖြေ တစ်ခု မင်းတွေ့ပါလိမ့်မယ်။

ကိုမျိုး

Tuesday, January 14, 2014

ခွင့်လွှတ်ကြရအောင်



လူတွေကိုခွင့်မလွှတ်ရင်

သူတို့ကောင်းကောင်းခံစားရလိမ့်မယ်ဆိုတဲ့အကြံကို

ကိုယ်တို့်ဘယ်လိုများရမိကြပါလိမ့်....

ဒါဟာကိုယ်တုံးလို့ပဲဖြစ်ရမယ်.....

ထားပါတော့.....

မိတ်ဆွေကအလုပ်ရှင်၊ကိုယ့်ကိုအပြစ်မရှိပဲထုတ်လိုက်တယ်။

ဒါမှမဟုတ်.....

ကိုယ့်ရီးစားကကိုယ့်သူငယ်ချင်းနဲ့ကြိုက်သွားတယ်ပေါ့။

ဒီတော့မင်းတို့ကိုဘယ်တော့မှခွင့်မလွှတ်ဘူးဟေ့ဆိုပြီးပြောဆိုပစ်လိုက်တယ်.....

ဘယ်သူထိခိုက်ခံစားရတယ်ထင်သလဲ...

သူတို့မခံစားရဘူး။

ကိုယ်ကသာတပိန်ပိန်တလိမ်လိမ်နဲ့၊ကြိတ်မနိုင်ခဲမရဖြစ်နေမှာ....

သူတို့ကပျော်လို့ပါးလို့....

ကိုယ်ကမကျေမချမ်းနိုင်ဖြစ်တဲ့အခါကိုယ်ပဲခံစားရတယ်။

အဲဒီအချိန်အတွင်းမှာ"ငါမှန်တယ်"လို့

ကိုယ့်ဘာသာကိုယ်ကြွေးကြော်နေပေမဲ့

အဲဒီ"မှန်တယ်"ဆိုတာကြီးဟာ

ပျော်ရွှင်မှုကိုရဖို့အာမခံမပေးနိုင်ဘူး။

အဓိကအချက်လေးကိုဆွေးနွေးမယ်နော်.......

တယောက်ယောက်ကိုခွင့်လွှတ်လိုက်လို့

သူတို့လုပ်ခဲ့တာတွေကိုသဘောတူညီလိုက်ရတာလုံးဝမဟုတ်ဘူး။

ကိုယ့်ဘဝမှာဖြစ်သင့်တာကိုကိုယ်ကလုပ်လိုက် တာ........

လူတွေကိုခွင့်လွှတ်တာသူတို့အကျိုးရှိဖို့မဟုတ်ဘူး....

ကိုယ့်အကျိုးအတွက်ခွင့်လွှတ်ခိုင်းတာ...

နောက်ထပ်(၂၄) နာရီအတွက်အစီအစဉ်လေးက~~~~

ကိုယ့်ကိုနာကျင်စေခဲ့သူတယောက်ကိုစဉ်းစားကြည့်လိုက်ပါ။

ဒီနေ့တနေ့လေးပဲဖြစ်ဖြစ်၊သူ့ကိုမကျေမချမ်းနိုင်ဖြစ်ရတာတွေ

အားလုံးကိုလုံးဝဖယ်ရှားလိုက်ဖို့လေ့ကျင့်ကြည့်ပါ။

ကိုယ့်ရဲ့ဒေါသတရားတွေအားလုံး၊

ငါကမှန်ပြီးသူတို့ကတော့မှားတယ်ဆိုတာတွေအားလုံးကိုသေချာစဉ်းစားတွေးတောပါ၊

ပြီးရင်ငါအားလုံးကိုမေ့လိုက်ပြီလို့ကြိုးစားပြီး" တကယ်" မေ့လိုက်ပါ။

တတ်နိုင်ရင်စိတ်ထဲမှာ....

ကိုယ့်ဒေါသတွေ၊မုန်းတီးမှုတွေကိုမိုးပျံဘောလုံးတခုထဲထည့်ပြီးလွှင့်ပစ်လိုက်

၊ပြီးရင်အဲဒီဘောလုံးကိုလေထဲမှာလွင့်ပါသွားတာကိုမြင်ယောင်ကြည့်ပါ.......

တနေ့လုံးသတိရတိုင်းမှာအဲဒီလိုသာလုပ်ပါ၊စိတ်လက်ပေါ့ပါးသွားလိမ့်မယ်......

ကိုယ်စိတ်ဆိုးနေသူတွေကိုခွင့်လွှတ်ရတယ်တာခက်ခဲပါတယ်။

ဒါပေမဲ့လုပ်လို့ရပါတယ်.....

ကိုယ့်အတွက်ခွင့်လွှတ်ခြင်းဖြစ်လို့

ကိုယ်သာပိုမိုစိတ်ချမ်းသာပျော်ရွှင်ရပါလိမ့်မယ်.......

ကိုယ်တိုင်တကယ်ကိုလက်တွေ့ကျင့်သုံးခဲ့တဲ့နည်းလမ်းလေးမို့မျှဝေလိုက်ပါတယ်

ခွင့်လွှတ်ဖို့အရမ်းခက်ခဲတဲ့သူကို

ခွင့်လွှတ်ပြီးတဲ့အခါကိုယ့်ရဲ့စိတ်တွေပေါ့ပါးသွားလိုက်တာ

အဲဒီမိုးပျံဘောလုံးလေးပမာပါပဲ။

ဒီစိတ်ကိုကြိုးစားမွေးမြူနိုင်တာ

ဆရာတော်ဦးဇောတိကရဲ့"တွေးမိတိုင်းပျော်တယ်"စာအုပ်လေးကြောင့်ပဲဖြစ်ပါတယ်။

ဆရာတော့်ကျေးဇူးကိုဒီစာသားနဲ့ဦးခိုက်ပါတယ်။
credit to မူရင်းရေးသားသူ

ရင့်ကျက်သူဖြစ်ဖို့



(၁) မဖြေချင်တဲ့ မေးခွန်းမျိုး အမေးခံရတဲ့အခါ မေးသူရဲ့မျက်လုံးကို စိုက်ကြည့်ပြီး ပြုံးပြပါ။

(၂) လမ်းလျှောက်ချိန် ကိုယ်ကိုတည့်တည့်မတ်မတ်ထားပါ။ စိတ်ရှုပ်ချိန် လမ်းမှာတွေ့တဲ့လူတွေကို နှုတ်မဆက်ချင်ရင် ခေါင်းညိတ်ပြုံးပြပါ။

(၃) သူငယ်ချင်းဆိုတဲ့ သတ်မှတ်ချက်က သင်အဆင်ပြေချိန် သူပျော်မယ်။ သင်အဆင်မပြေချိန် သင်နဲ့အတူ သူပူပန်မယ်။ ဒါကို သေချာမှတ်ထားပါ။

(၄) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ ပြင်ဆင်ပါ။ စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း ကိုယ့်ကိုယ်သတိပေးပါ။

(၅) ကိုယ်လုပ်ဆောင်ရမယ့်အလုပ်ကို ရာနှုန်းပြည့်ကြိုးစားပြီး လုပ်ပါ။

(၆) ကိုယ့်ကိုယ် "သေးသေးလေး"(နှိမ့်ချ)လို့ လက်ခံပြီး မျက်စိထဲမှာတော့ "လောက အကြီးကြီး"ကို ထည့်သွင်းထားပါ။

(၇) လူတစ်ယောက်ကို တကယ်ချစ်ရင် သူ့ကိုလွတ်လပ်ခွင့်ပေး၊ သွားခွင့်ပေးပါ။ တကယ်လို့ သင့်ကိုသူတကယ်ချစ်ရင် သင့်ဆီသူပြန်လာလိမ့်မယ်။

(၈) ကိုယ့်ကိုယ်ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့။ အမှားနောက်ကဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြဘူး။

(၉) ရမ်းသမ်းပြီး ဒေါသမထွက်နဲ့။ ဘယ်သူကမှ သင့်အပေါ် အကြွေးမတင်ဘူး။

(၁ဝ) မလိမ်ညာပါနဲ့။ အမှန်တရားဆိုတာ တစ်နေ့မှာ ပေါ်စမြဲပါ။
(၁၁) ဘယ်တစ်ဦးတစ်ယောက်ကိုမှ အထင်မသေးနဲ့။

(၁၂) သင့်မှာ ပရိသတ်တွေ အဲဒီလောက်မများဘူး။ သိပ် အပင်ပန်းမခံနဲ့။

(၁၃) အတိတ်ကို သင်မမေ့ချင်လဲရတယ်။ ဒါပေမဲ့ လက်လွတ်တတ်ရမယ်။

(၁၄) တခြားလူပြောတဲ့စကားကို ဦးနှောက်ထဲမှတ်ပါ။ ကိုယ့်ကိုယ်ကိုတော့ စိတ်ထဲမှာမှတ်ပါ။

(၁၅) လောကကြီးမှာ အတန်းအစားရှိတယ်။ မတရားမှုတွေလည်း များတယ်။ မညည်းညူပါနဲ့။

(၁၆) သင်ကိုယ်သင်တွေးထင်သလောက် သင်ဘယ်တော့မှ အရေးမပါနိုင်ဘူး။

(၁၇) ငွေကြေးနဲ့ဖြေရှင်းလို့ရသမျှ ပြဿနာကို ပြဿနာလို့မခေါ်ဘူး။

(၁၈) "ချစ်တယ်" ဆိုတဲ့စကားကို ဘယ်အချိန်မှာပြောပြော၊ ဘယ်နေရာမှာပြောပြော ပြောပြီဆိုရင် တကယ့်စိတ်ရင်းနဲ့ပြောပါ။ "ဆောရီး"ဆိုတဲ့စကားကို ဘယ်အချိန်မှာပြောပြော၊ ဘယ်နေရာမှာပြောပြော ပြောပြီဆိုရင် တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။

(၁၉) အပြင်ပုံပန်းသဏ္ဍာန်နဲ့ ဘယ်တော့မှ တစ်ဘက်သားကို မဆုံးဖြတ်နဲ့။ ပြောစရာရှိတာကို ဖြေးဖြေးပြောပါ။ တွေးစရာရှိတာကို မြန်မြန်တွေးပါ။

(၂ဝ) ကိုယ့်ကိုယ်အားလပ်ချိန်လေးပေးပြီး တစ်ယောက်ထဲ ထီးထီးနေကြည့်ပါ။

(၂၁) ကိုယ့်ပစ္စည်းမဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲနှစ်သက် နှစ်သက် လက်လွတ်တတ်ဖို့ နားလည်ပါ။

(၂၂) ကံကြမ္မာက ကိုယ့်အပေါ် အကြွေးတင်နေတာမဟုတ်ဘူး။ တကယ်တော့ ကိုယ့်ကြိုးစားမှု မလုံလောက်သေးတာ။

(၂၃) ကြိုးစားပါ။ နည်းနည်းထပ်ကြိုးစားပါ... ထပ်ထပ်ပြီးကြိုးစားပါ။ စိတ်ကူးအိပ်မက်တွေ အကောင်အထည်ပေါ်လိမ့်မယ်။

(၂၄) ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ ဘယ်တော့မှမရှိနိုင်သလို လမ်းထက်ဝက်တင် လက်လျော့လိုက်တဲ့ အောင်မြင်ခြင်းဆိုတာလည်း မရှိဘူး။

(၂၅) လူသုံးယောက်ရှိရင် တစ်ယောက်က ကိုယ့်ထက်တော်သူဖြစ်တယ်။ ကိုယ့်ထက်ညံ့သူ မရှိဘူး။ "ငါ ကြိုးစားကြည့်ပြီးပြီးလား" လို့ ကိုယ့်ကိုယ်မေးကြည့်ပါ။ ဒီအချက်တွေကို လုပ်နိုင်ရင် သင် ရင့်ကျက်ပြီတဲ့....

နိုင်းနိုင်းစနေ

ဥာဏ်ရည်ထက်မြက်စေမယ့် နည်းလမ်း (၅) သွယ်


ဦးနှောက်ဟာလည်း ကြွက်သားတွေလို လေ့ကျင့်ပေးဖို့လိုအပ်ပါတယ်... အကယ်၍ ဦးနှောက်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ မကြာခဏအသုံးပြုပေးမယ်ဆိုရင် သင်ဟာအရည်အချင်းပြည့်ဝတဲ့ တွေးတောသူတစ်ယောက်ဖြစ်လာမှာဖြစ်ပြီး အာရုံစူးစိုက်နိုင်စွမ်းလည်း မြင့်မားလာပါလိမ့်မယ်... ဒါပေမဲ့ သင့်ဦးနှောက်ကို အသုံးမပြုရင်ပဲဖြစ်ဖြစ် ဥပါဒ်ဖြစ်နိုင်တဲ့ ဓာတုဆေးဝါးတွေကို လွဲမှားစွာအသုံးပြုနေရင်ပဲဖြစ်ဖြစ် သင့်ရဲ့ တွေးတောစဉ်းစားမှုနဲ့ သင်ယူလေ့လာမှုစွမ်းရည်တွေဟာ ယိုယွင်းပျက်စီးလာပါလိမ့်မယ်...

အခုဖော်ပြပေးမှာကတော့ ဦးနှောက်ရဲ့ ထုတ်လုပ်မှုကို ထိထိရောက်ရောက်တိုးမြှင့်ပေးနိုင်မယ့် ရိုးရှင်းတဲ့ နည်းလမ်းငါးသွယ်ပဲဖြစ်ပါတယ်...

၁) ရုပ်မြင်သံကြား ကြည့်ရှုချိန်လျှော့ချပါ
-------------------------------------------
ဒါက စွန့်လွှတ်ဖို့ခက်ခဲတဲ့ ကိစ္စတစ်ရပ်ပါပဲ... လူတွေဟာ ရုပ်မြင်သံကြားရှေ့မှာ လတ်လျားလတ်လျားလုပ်ရတာကို ကြိုက်ကြပါတယ်... အဓိကပြဿနာက ရုပ်မြင်သံကြားကြည့်ရှုတာဟာ သင့်ဦးနှောက်ရဲ့စွမ်းအားကို အသုံးမပြုတာ.. တစ်နည်းအားဖြင့် ဦးနှောက်ကို အားသစ်မလောင်းနိုင်တာပါပဲ... ဒါက ဘာနဲ့တူသလဲဆိုရင် ကျန်းမာရေးကိုအကျိုးပြုတဲ့ လေ့ကျင့်ခန်းမလုပ်ဘဲ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားကနေ စွမ်းအင်တွေယုတ်လျော့စေတာနဲ့တူပါတယ်... ရုပ်မြင်သံကြားရှေ့မှာ နာရီအတော်ကြာထိုင်ပြီးတဲ့အခါမှာ တစ်ခုခုလစ်ဟာဆုံးရှုံးသွားသလိုမျိုး ခံစားရဖူးပါသလား... သင့်ရဲ့မျက်လုံးတွေဟာ အလင်းရောင်ထွက်နေတဲ့ ဒီသေတ္တာလေးကို နာရီပေါင်းများစွာကြည့်နေရတဲ့အတွက် ပင်ပန်းနာကျင်နေပါလိမ့်မယ်... အပန်းဖြေအနားယူဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့ ရုပ်မြင်သံကြားကြည့်မယ်အစား စာအုပ်တစ်အုပ်ကိုကောက်ဖတ်လိုက်ပါ... အရမ်းကို ပင်ပန်းနေပြီဆိုရင် ဂီတသံစဉ်သီချင်းလေးတွေနားထောင်လိုက်ပါ... သင့်မိသားစု ဒါမှမဟုတ် သင့်မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူရှိနေတယ်ဆိုရင် ရုပ်မြင်သံကြားကိုပိတ်ပြီး စကားစမြည်ပြောပါ.... ဒီအချက်တွေဟာ ရုပ်မြင်သံကြားကြည့်တာထက် သင့်ဦးနှောက်ကိုပိုအသုံးပြုစေပြီး အပန်းလည်းပြေစေပါတယ်...

၂) လေ့ကျင့်ခန်းလုပ်ပါ
--------------------------
ဥာဏ်ကောင်းချင်တဲ့သူတစ်ယောက်ဟာ လေ့ကျင့်ခန်းလုပ်မလား စာအုပ်ဖတ်မလားလို့ဆိုရင် စာအုပ်ဖတ်ဖို့လိုမယ်လို့ ကျွန်တော်တို့ထင်ခဲ့ကြပါတယ်... တကယ့်တကယ်မှာတော့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဦးနှောက်စွမ်းရည်ကို မြင့်မားအောင် ပိုပြီး အထောက်အကူပြုနိုင်ပါတယ်... အကြောင်းရင်းကတော့ လေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက်ပိုင်းမှာ လေ့လာမှုစွမ်းရည် ပိုမိုမြင့်မားကောင်းမွန်စေလို့ပါပဲ... သင့်ကိုယ်ခန္ဓာကိုအသုံးပြုခြင်းအားဖြင့် သင့်ဦးနှောက်ကို ရှင်းလင်းစေပြီး စိတ်စွမ်းအင်တွေကို ဆက်တိုက်ဖြစ်ပေါ်စေပါတယ်... လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ လန်းဆန်းလာပြီး လွယ်လွယ်ကူကူ အာရုံစူးစိုက်နိုင်ပါတယ်....

၃) ခက်ခဲတဲ့စာအုပ်တွေကိုဖတ်ပါ
----------------------------------
လူအများစုက သဲထိတ်ရင်ဖို စိတ်ကူးယဉ်ဝတ္ထုတွေကို ပိုကြိုက်ကြပါတယ်... ဒါပေမဲ့ အဲ့လိုစာအုပ်တွေဟာ သာမန်အားဖြင့် ဦးနှောက်ကို မလှုံ့ဆော်ပေးနိုင်ပါဘူး... သင့်အနေနဲ့ အတွေးအခေါ်နဲ့ အရေးအသား တိုးတက်မြင့်မားစေချင်တယ်ဆိုရင်တော့ အာရုံစိုက်ဖတ်ရတဲ့စာအုပ်တွေကို ဖတ်သင့်ပါတယ်... ဂန္တဝင်ဝတ္ထုတစ်ပုဒ်ကို ဖတ်လိုက်ခြင်းဖြင့် လောကကိုရှုမြင်တဲ့ပုံစံပြောင်းလဲသွားပြီး တိကျသပ်ရပ်တဲ့ အသုံးအနှုန်းတွေကိုလည်း ပိုပြီးတွေးတောနိုင်လာပါလိမ့်မယ်.... သင်မသိတဲ့စကားလုံးတွေကို မကြောက်ပါနဲ့ ပြီးတော့ စာပိုဒ်ရှည်ကြီးတွေကိုလည်း မကြောက်ပါနဲ့... အချိန်ယူဖတ်ပါ... လိုအပ်ရင် ထပ်ခါထပ်ခါဖတ်ပါ.... အချိန်ကြာလာတာနဲ့အမျှ စာရေးဆရာရဲ့ အာဘော်ကို သင်ဖမ်းမိလာပါလိမ့်မယ်.... ခက်ခဲတဲ့စာအုပ်တွေကိုဖတ်ပြီး အတွေးအခေါ်သစ်တွေကို စိန်ခေါ်ယှဉ်ပြိုင်ရတာဟာ အပေါစားသဲထိတ်ရင်ဖို စာအုပ်တွေ.. ဇာတ်ကားတွေ ကြည့်ရ ဖတ်ရတာထက် ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းပါတယ်....

၎) စောစောအိပ်၊ စောစောထ
-------------------------------
အိပ်ရေးပျက်တာထက်ပိုပြီး အာရုံစူးစိုက်မှုကို ပျက်ပြားစေတဲ့အရာမရှိပါဘူး.... အိပ်ယာစောစောဝင်ပြီး တစ်နေ့ ၈ နာရီထက်ပိုမအိပ်ဘူးဆိုရင် အကောင်းဆုံးနုပျိုမှုကို သင်ရရှိနိုင်ပါတယ်... ညနက်တဲ့အထိနေပြီး အိပ်ရာဝင်နောက်ကျတယ်ဆိုရင် မလန်းမဆန်းနဲ့ နိုးထလာပြီး အာရုံစူးစိုက်မှုကျဆင်းနိုင်ပါတယ်... မနက်အစောပိုင်းအချိန်တွေဟာ ငြိမ်သက်အေးဆေးပြီး အလုပ်လုပ်နိုင်ဆုံးအချိန်တွေဖြစ်ပါတယ်... စောစောထခြင်းဖြင့် အလုပ်ချိန်ပိုရပြီး တစ်နေ့လုံးမှာ ထိုးထွင်းဥာဏ်ထက်သန်စေပါတယ်.... အချိန်ရမယ်ဆိုရင်တော့ အိပ်ရာထပြီး ၁၀ မိနစ်... မိနစ် ၂၀ လောက် တစ်ရေးပြန်အိပ်ခြင်းဖြင့် မူးဝေတာမျိုးမဖြစ်အောင် ကာကွယ်နိုင်ပါတယ်... အအိပ်များရင်တော့ ထိုင်းမှိုင်းလေးလံစေမှာဖြစ်ပေမဲ့ ခဏတဖြုတ် တစ်ရေးတစ်မောအိပ်လိုက်တာက သင့်ကိုပြန်လည်လန်းဆန်းစေပါလိမ့်မယ်....

၅) စဉ်းစားဆင်ခြင်ဖို့ အချိန်ယူပါ
----------------------------------
ကျွန်တော်တို့ကိုယ်တိုင် သေချာမသိတဲ့အရာတွေနဲ့ ကျွန်တော်တို့ရဲ့ဘဝတွေဟာ ရှုပ်ထွေးပြီးပြာယာခတ်နေကြရပါတယ်... ကစဥ့်ကလျားအတွေးတွေက နှောင့်ယှက်နေတဲ့အတွက် အာရုံစူးစိုက်ဖို့ကလည်း ခက်ခဲပါတယ်... တစ်ယောက်ထဲ ဆင်ခြင်စဉ်းစားဖို့အချိန်ယူလိုက်တာဟာ သင့်အတွေးတွေကို ခွဲခြမ်းစိတ်ဖြာဖို့အခွင့်အရေးရစေပြီး သင့်လုပ်ငန်းတာဝန်တွေကို ဦးစားပေးအဆင့်သတ်မှတ်နိုင်စေပါတယ်.... တွေးတောစဉ်းစားပြီးတဲ့နောက်မှာ သင့်အနေနဲ့ ဘာက အရေးကြီးတယ် ဘာကအရေးမကြီးဘူးဆိုတာကို ကောင်းကောင်းနားလည်သွားပါလိမ့်မယ်... အရေးမကြီးတဲ့အကြောင်းအရာတွေကိုတွေးပြီး ငြီးငွေ့စေတော့မှာမဟုတ်တဲ့အတွက် သင့်ကိုဝန်ပေါ့သွားစေပါလိမ့်မယ်... ကြမ်းပြင်ပေါ်ထိုင်... တင်ပလ္လင်ချိတ်... " အင်း... " ဆိုပြီးတော့ စဉ်းစားနေစရာတော့မလိုပါဘူး.... လူသူရှင်းတဲ့နေရာ တစ်နေရာရာဆို အလုပ်ဖြစ်ပါတယ်... လမ်းလျှောက်ရင်းစဉ်းစားတာကလည်း နည်းလမ်းကောင်းတစ်ရပ်ဖြစ်ပါတယ်... ကိုယ့်အတွက် အဆင်ပြေဆုံးဖြစ်မယ့် စဉ်းစားပုံကို စမ်းသပ်ရွေးချယ်ထားရပါမယ်...

ဒီနည်းလမ်းအားလုံးဟာ အလွယ်တကူလုပ်ဆောင်လို့ရတဲ့အတွက် သင့်အနေနဲ့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်.... ရိုးရှင်းတဲ့နည်းလမ်းတွေဟာ အထိရောက်ဆုံးပါပဲ... သင့်အနေနဲ့ ရင်ဆိုင်ရမှာကတော့ ဒီအချက်တွေကို လိုက်ပါလုပ်ဆောင်ချင်တဲ့ စိတ်ဆန္ဒအခြေအနေပါပဲ... ဒီအကြံပြုချက်နည်းလမ်း ငါးခုကို လိုက်ပါလုပ်ဆောင်နိုင်ပြီဆိုရင် သင်ဟာ ထိုးထွင်းဥာဏ်မြင့်မားပြီး ဗဟုသုတပြည့်စုံကြွယ်ဝသူတစ်ဦး ဖြစ်လာမှာ သေချာပါတယ်...

----------------------------------------------------------------
Ref: General Knowledge For All

Monday, January 13, 2014

သိပ္ပံပညာရှင် အိုင်းစတိုင်း ရဲ့ အဆိုအမိန့်အချို့



Anger dwells only in the bosom of fools.
ဒေါသဟာ ရူးမိုက်သူတွေရဲ့ ရင်ခွင်မှာပဲ နေထိုင်တယ်။

Two things are infinite: the universe and human stupidity; and I'm not sure about the universe.
အကန့်အသတ်မဲ့တာ နှစ်ခုရှိတယ် စကြ၀ဠာ နဲ့ လူသားရဲ့ မိုက်မဲမှု။ စကြ၀ဠာအကြောင်းတော့ ဂဃနဏ မသိဘူး။

A question that sometimes drives me hazy: am I or are the others crazy?
“ငါကပဲ ကြောင်သလား သူများတွေကပဲ ကြောင်သလား”ဆိုတဲ့ မေးခွန်းဟာ တစ်ခါတစ်ခါ ငါ့ကိုေ၀၀ါးစေတယ်။

A man should look for what is, and not for what he thinks should be.
လူဟာ အရှိတရားကို ရှာဖွေသင့်တယ်။ သူ မျှော်တွေးထားတာကို မရှာဖွေသင့်ဘူး။

Weakness of attitude becomes weakness of character.
ခံယူချက် ပျော့ညံ့မှုကနေ ကိုယ်ကျင့်တရား လျော့ရဲမှု ဖြစ်လာတယ်။

You have to learn the rules of the game. And then you have to play better than anyone else.
ကစားနည်းတွေ လေ့လာရမယ်။ ပြီးတော့ တစ်ခြားသူတွေ အားလုံးထက်သာအောင် ကစားရမယ်။

Intellectual growth should commence at birth and cease only at death.
အသိဥာဏ် ဖွံ့ဖြိုးမှုဟာ မွေးမွေးချင်း စတင်ပြီး သေမှပဲ ဆုံးသင့်တယ်။

Any man who reads too much and uses his own brain too little falls into lazy habits of thinking.
စာတွေ အများကြီးဖတ်ပြီး ဦးနှောက်နည်းနည်းပဲ သုံးတဲ့သူဟာ ပျင်းပျင်းရှိတိုင်း လျှောက်တွေးနေတတ်တယ်။

Education is what remains after one has forgotten what one has learned in school.
ကျောင်းမှာ သင်ခဲ့တာတွေ မေ့သွားတဲ့နောက် ကျန်ခဲ့တာဟာ သင်ယူရရှိလိုက်တဲ့ ပညာပဲ။

Information is not knowledge.
သတင်းအချက်အလက်ဟာ ဗဟုသုတ မဟုတ်ဘူး။

If you can't explain it simply, you don't understand it well enough.
ရိုးရိုးလေး ရှင်းမပြနိုင်ဘူးဆိုရင် ကိုယ်ကိုယ်တိုင်က တကယ်နားမလည်လို့ပဲ။

A person who never made a mistake never tried anything new.
တစ်ခါမှ မမှားဖူးတဲ့သူဟာ ဘာအသစ်တစ်ခုကိုမှ စမ်းမကြည့်ဖူးတဲ့သူ။

Try not to become a man of success, but rather try to become a man of value.
အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ မကြိုးစားပါနဲ့။ တန်ဖိုးရှိသူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။

I never think of the future - it comes soon enough.
အချိန်မီ ဆိုက်ရောက်လာမယ့် အနာဂတ်အကြောင်း မစဉ်းစားဘူး။

A table, a chair, a bowl of fruit and a violin; what else does a man need to be happy?
စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံး၊ သစ်သီးတစ်ပန်းကန် နဲ့ တစ်ယောတစ်လက်။ လူတစ်ယောက် ပျော်ရွှင်ဖို့ တစ်ခြားဘာတွေ လိုသေးလဲ။

ကိုးကား
သန်းမင်းထွဋ်(မင်္ဂလာမောင်မယ် ၂၀၀၆-ခု ဒီဇင်္ဘာလ)
အင်တာနက်ပေါ်မှ အချက်အလက်များ

Wednesday, January 8, 2014



ခုနှစ်ကြိမ်မြောက်လဲကျပြီးပြီလား ဒါဆို ရှစ်ကြိမ်မြောက်ပြန်ထဖို့ ကြိုးစားရမှာ သင့်တာဝန်ပါ

ဒီနေ့လုပ်ရင်ဖြစ်နိုင်တဲ့အလုပ်မှန်သမျှကို မနက်ဖြန်အတွက်မျှော်လင့်ချက်မထားပါနဲ့ .. အချိန်တွေက တိုတောင်းပါတယ်

အနာဂါတ်ဆိုတာ မနေ့ကတည်းက နောင်တစ်ချိန်အတွက်မျှော်လင့်ရည်မှန်းချက်ထက်သန်တဲ့လူတွေအတွက်ပဲနေရာရှိတယ်

ကိုယ့်ကိုယ်ကို မတည်ဆောက်နိုင်သေးပဲနဲ့ သူများကို တည်ဆောက်ပေးဖို့မကြိုးစားပါနဲ့ ..

အောင်မြင်မှုအတွက်အရေးအကြီးဆုံးအချက်က ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိခြင်းပဲ ။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိဖို့အတွက် အရေးကြီးတဲ့အချက်က ကြိုတင်ပြင်ဆင်ခြင်းပဲ ။

သက်တန့်ချို

Tuesday, January 7, 2014

ဒီအချက်တွေ သတိထားပါ


လူဘဝသက်တမ်းမှာ ဒီအချက်တွေ သတိထားပါ
၁ ။ ဆင်ခြေပေးတဲ့ပါးစပ်ဟာ ထမင်းငတ်တတ်ပါတယ် ။
၂ ။ မေ့တယ်ဆိုတာ မလေးစားလို့ ကြောက်တယ်ဆိုတာ မခိုင်လုံလို့ ။
၃ ။ နှေးတာအရေးမကြီးဘူး၊ ရပ်မနေဖို့ပဲ အရေးကြီးပါတယ် ။ 
၎ ။ မနာလိုမဖြစ်ပါနဲ့ လုပ်တဲ့သူက နေရာရလိမ့်မယ် ။ 
၅ ။ မလုပ်တတ်တဲ့အကြောင်း များများပြောလေ မလုပ်တတ်လေဘဲ ။ 
၆ ။ လိုသလောက် မရနိုင်ပေမဲ့ လုပ်သလောက်တော့ ရနိုင်ပါတယ်။ 
၇ ။ ဒုက္ခနဲ့အရင်းခံမှ သုခစံရမယ်။
၈ ။ ဟန်ဆောင်ကောင်းတဲ့ မိတ်ဆွေဟာ ရန်သူထက်ပိုဆိုးပါတယ် ။
၉ ။ ထိခိုက်ဒဏ်ရာ ရခြင်းဟာ စော်ကားခံရသည်ထက် ပို၍လျှင်မြန်စွာ မေ့ပျောက်နိုင်ပါတယ် ။ 
၁၀ ။ နုတ်နဲ့ပေးတဲ့ ဒုက္ခဟာ နုလုံးသားကို ထိခိုက်ပြီး ၊ လက်နဲ့ပေးတဲ့ ဒုက္ခကတော့ ခန္ဓာကိုယ်ကို ထိခိုက်စေပါတယ် ။ လူဘဝသက်တန်းမှာ ဒီအချက်လေးတွေ သတိထားဖို့ လိုအပ်ပါတယ် ။
 Credit:U Aung Naing Thu

သင့်ဘ၀ကို ပြောင်းလဲဖို့ စွမ်းအား


သင်ဟာ အတိတ်ကို ပြန်သွားပြီး သင့်ဘ၀ကို ပြောင်းလဲစေမယ့် ဆုံးဖြတ်ချက်တွေကို ပြုလုပ်ဖို့ ဆန္ဒရှိပါသလား။ အင်း .. ဒီလိုဆိုရင်တော့ ကျနော်က မီးခွက်စောင့်ဘီလူး မဟုတ်တဲ့အတွက် သင့်ဆန္ဒကို ဖြည့်ဆည်းမပေးနိုင်ပါဘူး။ ဒါပေမယ့် ကျနော် လုပ်ပေးနိုင်တာ တစ်ခုတော့ရှိပါတယ်။
အဲဒါကတော့ သင်ဟာ အတိတ်ကို အချိန်မီ ပြန်မသွားနိုင်တော့ရင်တောင် သင့်ရဲ့ဘ၀ကို ပြောင်းလဲနိုင်သေးတယ်ဆိုတာ သင့်ကို ပြောဖို့ပါပဲ။
သင့်ရဲ့ဘ၀မှာ သင်ဟာ အမှားတွေ ဘယ်လောက်ပဲ လုပ်ခဲ့လုပ်ခဲ့၊ သင် ဘယ်လောက်ပဲ အသက်ကြီးကြီး .. စသဖြင့် .. အဲဒါတွေက ကိစ္စမဟုတ်ပါဘူး။ သင်ဟာ နေ့သစ်တစ်နေ့နဲ့အတူ တစ်ဖန်ပြန်စနိုင်ပါတယ်။ သင့်မှာ ဆန္ဒရှိနေသေးသရွေ့ သင့်ရဲ့ဘ၀ကို ပိုကောင်းအောင် ပြောင်းလဲနိုင်ပါတယ်။
လူသားတွေဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့မှာ အမှားတွေကို ပြုလုပ်နိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးက ကျနော်တို့ဟာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကျနော်တို့ရဲ့ အတွေ့အကြုံတွေကနေ သင်ယူနိုင်တဲ့ စွမ်းအားလည်း ရှိတယ်ဆိုတာပါပဲ။။
သင့်ကိုယ်သင် ခွင့်လွှတ်ပါ။ တစ်ဖန်ပြန်စပါ။ ကျနော် ရှေ့မှာ ဖော်ပြခဲ့သလို သင်ဘယ်လောက် အသက်ကြီးတာ၊ သင့်ကို ဆန့်ကျင်နေတဲ့အရာတွေ ဘယ်လောက်များတာတွေဟာ ကိစ္စမဟုတ်ပါဘူး။ သင့်ဘ၀ကို ပိုကောင်းအောင် ပြောင်းလဲဖို့ ဆန္ဒရှိတယ်ဆိုရင် အဲဒီပြောင်းလဲနိုင်တဲ့ စွမ်းအားလည်း သင့်မှာ ရှိပါတယ်။ ပြောင်းလဲမှုတွေကို ဒီနေ့ပဲ ပြုလုပ်လိုက်ပါ။

credit to Your Life Success

Monday, January 6, 2014

လမ်း



လမ်းဆိုတာ တစ်လမ်းတည်း ဘယ်တော့မှ မရှိပါဘူး။
လူဆိုတာ ကိုယ်သွားနေကြလမ်းကို ပဲ ပုံမှန်အတိုင်းသွားတတ်ကြတာ ထုံးစံပါပဲ။ တစ်ခါတစ်လေတော့လည်း လမ်းသစ်တွေကို ရှာဖွေတတ်ကြပါတယ်။

လမ်းသစ်တွေကို မတွေ့ခင်အထိတော့ ကိုယ်သွားနေကြ လမ်းက ကိုယ့်အတွက် အကောင်းဆုံးလို့ ထင်ကြမှာပါပဲ။

လမ်းသစ်ကို ရှာတယ်ဆိုတာကလည်း စွန့်စားရတဲ့ အလုပ်တစ်ခုဆိုတော့ တော်ရုံလူက မလုပ်ချင်ကြပါဘူး။

ဒီလိုပဲ ကျွန်တော်တို့ လူ့ဘ၀မှာ ကိုယ်သွားနေကြလမ်းဟောင်းကြီးကိုပဲ အမြစ်တွယ်ပြီး သွားနေကြတဲ့ လူတွေ အများကြီးရှိကြမှာပါ။ ကိုယ်သွားနေကြလမ်းမှာ အခြား သွားလို့ ရနိုင်တဲ့ ပန်းတိုင်ကို ပိုပြီး ချောမွေ့စွာ ရောက်နိုင်တဲ့ လမ်းတွေ အများကြီး ရှိနိုင်မှာပါပဲ။

ဒါပေမယ့်

အချိန်မပေးနိုင်တာ၊ အခက်အခဲဖြစ်မှာကို ကြောက်တာကြောင့် လမ်းသစ်ကို မရှာဖွေ ဖြစ်ကြတဲ့ လူတွေ အများကြီး ရှိကြမယ်လို့ ထင်ပါတယ်။

ဒါပေမယ့် လမ်းသစ်တစ်ခုကို အချိန်တစ်ခုပေးပြီး စမ်းသပ်ရှာဖွေပြီး ကိုယ်နဲ့ သင့်တော်မယ်ထင်ရင် ပြောင်းလဲမှုတွေ လုပ်သင့်ပါတယ်။

လမ်းသစ်ဖြစ်တိုင်းလည်း ကောင်းလာလိမ့်မယ်လို့ အတတ်ပြောလို့တော့ မရဘူးပေါ့ဗျာ။ ဒါပေမယ့် ကိုယ်သွားနေတဲ့ လမ်းကြောင်းနဲ့ နှိုင်းယှဉ်ကြည့်ပြီး ကိုယ့်အတွက် သင့်တော်မယ်ထင်ရင် ပြောင်းလဲမှုဆိုတာမျိုးက လုပ်သင့် စွန့်စားသင့်တဲ့ အရာပါ။

လူတကာ သွားတဲ့ လမ်းကြောင်းကို ကိုယ်ကသင့်တော်တယ်ထင်ရင်လည်း အဲဒီလမ်းကြောင်းကို လိုက်ရသလို၊ ကိုယ်နဲ့သင့်တော်မယ့် လမ်းသစ်ဖောက်သင့်ရင်လည်း လမ်းသစ်ဖောက်ပြီး သွားရမှာပါပဲ။

လောကကြီးမှာ သွားစရာ လမ်းတွေ အများကြီးရှိပါတယ်။

အဓိကကတော့ ကိုယ်ကိုယ်တိုင် ရွေးချယ်တဲ့ လမ်းကို ကိုယ်ကိုယ်တိုင် လျှောက်ရမယ် ဆိုတာပါပဲ။ ပြီးတော့ လမ်းပြောင်းသင့်ရင်လည်း ပြောင်း၊ ပြန်လှည့်သင့်ရင်လည်း လှည့် ဒါကလည်း ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ပြီး လုပ်ဆောင်ရမယ့် အရာတွေပါပဲ။

ဘာမဆို ကိုယ်သာလျှင် ကိုယ့်ဘ၀ရဲ့  အရှင်သခင်မဟုတ်ပါလား။

ရွှေအိမ်စည်
အောင်မြင်မှုအတွက် လိုအပ်တဲ့အရာတွေ သင့်မှာမရှိသေးဘူးလို့ ထင်တယ်ဆိုရင် ထပ်စဉ်းစားကြည့်ပါဦး။ တစ်ခုခုမှာ အထူးအောင်မြင်တဲ့သူတွေ၊ ကဗျာဆရာတွေ၊ အဆိုတော်တွေ၊ အနုပညာရှင်တွေ၊ အားကစားသမားတွေ၊ hacker တွေ၊ ပန်းချီဆရာတွေ၊ သူတို့တွေကို လေ့လာကြည့်ပါ။

စိတ်ဓာတ်ခိုင်မာခြင်း၊ ဇွဲရှိခြင်း၊ လက်တွေ့လုပ်ဆောင်တတ်ခြင်း နဲ့ အလုပ်ကြိုးစားခြင်းတို့ကို ထင်ထင်ရှားရှားတွေ့ရပါလိမ့်မယ်။ ဘာလျှို့ဝှက်ချက်တွေမှ မဟုတ်ပါဘူး။ ပြီးတော့ အဲဒီအရာတွေဟာ သင့်ရဲ့ ကိုယ်တွင်းမှာလည်း ရှိနေပါတယ်။ အဲဒီအရာတွေက သင် သူတို့ကို ဘယ်အချိန်မှာ လှမ်းခေါ်မလဲလို့ စောင့်နေကြပါတယ်။

နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ်

 ဟိုး……. ရှေးရှေးတုန်းက ရွာတစ်ရွာမှာ သားအဖနှစ်ယောက်ရှိတယ်။ တစ်နေ့ မှာ သမီး ဖြစ်သူက ဖခင်ကြီးကို တိုင်တယ်မိတယ်။ ဘာဘဲလုပ်လုပ် တစ်ခုမှအဆင်မပြေတဲ့အကြောင်း အားပျက်မိတဲ့ အကြောင်း ပြောတယ်။ သမီးက အဲလို တိုင်တည်ပြီးပြောလိုက်တော့ ဖခင်ကြီးက သမီးလက်ကိုဆွဲပြီး မီးဖိုချောင်ကို ခေါ်သွားလိုက်တယ်။ ပြီးတော့ ဘာမှမပြောဘဲ အိုးသုံးအိုးထဲကို ရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့  ဖိုသုံးဖိုပေါ်မှာ တင်လိုက်တယ်။ မကြာပါဘူး မီးအား အရမ်းပြင်းတာကြောင့် အိုးထဲကရေတွေ ပွက်ပွက်ဆူလာပါတယ်။ ရေနွေးတွေလဲဆူရော ဖခင်ဖြစ်သူက ပထမအိုးထဲကို မုန်လာဥတွေထည့်၊ ဒုတိယအိုးထဲကို ကြက်ဥ တွေထည့်၊ တတိယအိုးထဲကို လက်ဖက်ခြောက်တွေ အသီးသီးထည့်လိုက်တယ်။ထည့်ပြီးတော့ အိုးတွေကို မီးဖိုပေါ်မှာဘဲ ဆက်ထားလိုက်တယ်။ နောက်၁၀မိနစ်လောက်ကြာတဲ့အခါမှာ ဖခင်ဖြစ်သူက မီးသုံးဖိုစလုံးကို သတ်လိုက်ပြီး ပထမအိုးထဲက မုန်လာဥတွေကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့် လိုက်တယ်။ နောက်တစ်အိုးက ကြက်ဥတွေကိုဆယ်ပြီး ပန်းကန်ထဲထည့်လိုက်ပြန်တယ်။ နောက်ဆုံး အိုးထဲကလက်ဖက်ခြောက်တွေခပ်ထားတဲ့ ရေနွေးတွေကို ခွပ်တစ်လုံးထဲ ထည့်လိုက်တယ်။ အဲဒိနောက် ဖခင်ဖြစ်သူက သမီးရေ ဒါတွေကဘာလဲလို့ မေးတဲ့အခါမှာ သမီးလုပ်သူက မုန်လာဥပြုတ်၊ ကြက်ဥပြုတ် နဲ့ ရေနွေးကြမ်းတွေပါလို့ ပြန်ဖြေလိုက်တယ်။ သမီးက အဲဒိလိုပြန်ဖြေအပြီးမှာ ဖခင်ဖြစ်သူက မုန်လာဥတွေကို စမ်းခိုင်းတယ်။ သမီးက မုန်လာဥကို ဇွန်းနဲ့  ထိုးကြည့်တဲ့အခါမှာ ပျော့ပြဲနေတာတွေ့ ရတယ်။ နောက် ကြက်ဥကိုယူပြီးစမ်းခိုင်းပြန်တယ်။ ကြက်ဥကို ခွာလိုက်တဲ့ အခါမှာ အရမ်းကို ကျက်နေတဲ့ ကြက်ဥပြုတ်တစ်လုံးဖြစ်နေတာ တွေ့ ရပြန်တယ်။ နောက်ဆုံးမှာ ရေနွေးကြမ်းကို မြည်းကြည့်ခိုင်းတဲ့ အခါမှာအနံ့  အရသာနဲ့ ပြည့်စုံတဲ့ ရေနွေးကြမ်းတစ်ခွက်ဖြစ်နေတာ သတိထားမိပြန်တယ်။ အားလုံးစမ်းသပ်ပြီးတဲ့အခါမှာ ဖခင်ဖြစ်သူက သမီးကို ဒီလိုဆုံးမပါတယ်။ မုန်လာဥက ရေနွေးထဲမရောက်ခက်မှာ သန်သန်မာမာတောင့်တောင့်တင်းတင်းကြီးပေါ့။ ဒါပေမယ့် ရေနွေးနဲ့ လဲ ပြုတ်လိုက်ရော တစ်ခါထဲကို ဖျော့ဖတ်သွားတော့တာဘဲ။ ကြက်ဥကျပြန်တော့ ရေနွေးထဲမရောက်ခင်မှာ အထိမခံဘူး။ ကြမ်းကြမ်းလေးထိမိတာနဲ့  ခွက်ကနဲ ကွဲသွားရော။ အပေါ်ခွံ ပါးပါးလေးက အထဲက အရည်ကြည့်ပျော့ဖတ်ဖတ်လေးတွေကို ကာရံထားတဲ့ အနေအထားပေါ့။ ဒါပေမယ့် ရေနွေးထဲမှာလဲ ပြုတ်လိုက်ရော ပျော့အိအိ အတွင်းသားတွေက အားလုံးမာကုန်ပြန်ဘဲ။ လက်ဖက်ခြောက်ကတော့ တစ်ဘာသာပေါ့။ ရေနွေးပွက်ပွက်ထဲလဲရောက်ရော အဲဒိအဖြူရောင် ရေနွေးတွေကိုပါ လက်ဖက်ရည်အဖြစ်ပြောင်းလဲပြစ်လိုက်တယ်။ ပြီးတော့ အရသာရှိတဲ့ ရေနွေးကြမ်းတစ်ခွက်အနေနဲ့  ပြောင်းသွားတယ်။ ကဲ…………. ဒီတော့ အဖေ့သမီးကရော ဘာလဲ။ လူမုန်လာဥလား၊ လူကြက်ဥလား။ လူလက်ဖက်ခြောက်လား။ လောကဒဏ်ဆိုတာ လူတိုင်းဟာတစ်နည်းနည်းနဲ့ ရင်ဆိုင်နေရတာဘဲ။ အဲဒါလောကဒဏ်နဲ့  နဖူးတွေ့ ၊ ဒူးတွေ့  ရင်ဆိုင်လာရတဲ့အခါမှာ သမီးက ဘယ်လိုတုန့် ပြန်မလဲ။ သမီးကိုယ်တိုင် စဉ်းစားပါတဲ့။ ပုံပြင်လေးက ဒါပါဘဲ။ =================================== သင်ခန်းစာ- အပြင်ပန်းအမြင်မှာ မုန်လာဥလို မာချာချာ တောင့်တောင့်တင်းတင်းနဲ့  ၊ လောကဒဏ်ကို တကယ်ရင်ဆိုင်ရတဲ့ အခါမှာ ပျော့ခွေနွမ်းရိပြီး အားကုန်သွားမယ့် လူစားမျိုးလုပ်မလား။ အစတုန်းကတော့ ထိလွယ်ကွဲလွယ်တဲ့စိတ်ရှိနေတယ်။ စိတ်ကလဲပျော့နေတယ်။ ဒါပေမယ့် သေခြင်းတရားလို၊ ရှင်ကွဲကွဲတာလို၊ ချွတ်ခြုံကျတာလို တစ်ခုခုကို အပြင်းအထန် ခံစားပြီးတဲ့နောက်မှာတော့ နင်လားဟဲ့ လောကဒဏ်ဆိုတဲ့ စိတ်၊ ထီမထင်တဲ့စိတ်ဓါတ်နဲ့  မာကြောကြောတောင့်တင်းတင်း ဖြစ်သွားမယ့် လူစားမျိုးလား။ မပြုတ်ခင်ကြက်ဥနဲ့  ပြုတ်ပြီးသားကြက်ဥလို အပြင်ပန်းအမြင်မှာ သိပ်မကွာလှပေမယ့် အတွင်းမှာတော့ ခါးသီးမာကြောနေတဲ့ နှလုံးသားနဲ့ လူမျိုးလုပ်မလား။ လက်ဖက်ခြောက်ဆိုတာ ရေနွေးဆူလေလေ အရသာပိုကောင်းလေလေဘဲ။ လက်ဖက်ခြောက်လို လူဆိုတာကလဲ ဒုက္ခတွေနဲ့ အရှိန်တတ်လေလေ အရည်အချင်းတွေ ပိုရှိလာလေလေဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက် ပိုကောင်းတဲ့ အခြေအနေကို ဖန်တီးပေးနိုင်တဲ့သူ ဖြစ်လာမယ်။
Credit: မူရင်း ဆရာအတ္တကျော်ရဲ့ နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ် စာအုပ်မှ ကူးယူဖော်ပြထားပါတယ်။

ဒီနေ့ပဲ စတင်ပါ

ဒီကနေ့ဟာ သင့်ဘ၀ရဲ့ ခေါင်းဆောင်နေရာကို ယူပြီး အောင်မြင်မှုအတွက် နည်းဗျူဟာတွေကို ချမှတ်ဖို့ အကောင်းဆုံး နေ့တစ်နေ့ ဖြစ်ပါတယ်။ သင် ခက်ခက်ခဲခဲလုပ်ဖို့ လိုအပ်လိမ့်မယ်၊ ပြီးတော့ သင့်ရဲ့ အောင်မြင်မှု အစီအစဉ်ထဲမှာ သင့်ကိုယ်သင် နှစ်မြှုပ်ထားဖို့လည်း လိုအပ်လိမ့်မယ်။ ဒါပေမယ့် သင် စလုပ်လိုက်ပြီဆိုတာနဲ့ အောင်မြင်မှု သေးသေးလေးတွေဟာ သင့်ကို ပိုပြီး အရှိန်ရလာစေတာ၊ ခြေလှမ်းတစ်လှမ်းချင်းဟာ အောင်မြင်မှုတွေကို ပိုပြီး ဆွဲယူနေတာကို သင် တွေ့ရပါလိမ့်မယ်။

သင် အောင်မြင်ရမယ်လို့ ဒီနေ့ ဆုံးဖြတ်ချက်ချပါ။ အတိတ်က သင် လုပ်ဆောင်နိုင်ခဲ့မှုတွေအတွက် သင့်ကိုယ်သင် ချီးကျူးပါ။ သင့်ရဲ့ စွမ်းရည်တွေကို သိပါ၊ အဲဒါတွေကို တိုးတက်အောင် လုပ်ပါ။ သင့်မှာ ရည်ရွက်ချက်တစ်ခု ရှိတယ်၊ အခြား အနုတ်လက္ခဏာဆောင်တဲ့ အရာတွေကို ဘေးဖယ်လိုက်ပါ။ အဲဒီရည်မှန်းချက်ကို သတ်မှတ်ပါ၊ သင့်ကိုယ်သင် အပြည့်အ၀ ကျေနပ်မှုရရှိစေဖို့ ဒီနေ့ပဲ စတင်ပါ။

credit to your life success

ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းရှင်ဖြစ်နည်း

ငယ်ငယ်ရွယ်ရွယ်နဲ့ သူဌေး ဖြစ်နည်း၊ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းရှင်ဖြစ် နည်း ဆိုတာ တကယ်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သူဌေး ဖြစ်မှ၊ လုပ်ငန်းရှင်ဖြစ်မှ ရေးလို့ကောင်းတဲ့ အရာ ဖြစ်ပါတယ်။ ယခု ဒါကို စာရေးသူ မောင်အောင်ခမ်းမှ ရေးပါပြီ။ သို့ပေမယ့် ခေါင်းစဉ်ကို မြန်မာပြည် က လူငယ်တစ်ဦးရဲ့  လုပ်ငန်းရှင် အိပ်မ မြန်မာပြည်မှာ လူငယ်တစ်ဦး လုပ်ငန်းရှင်ဖြစ်ဖို့ ဆိုတာ လို့ပဲ ပေးထားပါတယ်။ ဒါဆို လုပ်ငန်းရှင်ဟုတ် မဟုတ် စာရေးသူများ သံသယ ဝင်စရာ ရှိပါတယ်။ စာရေးသူ လက်ရှိ အခြေအနေကို တင်ပြပါမယ်။

အသက်က ၉၂ခုနှစ် ဇွန်လ ဖွားဆိုတော့ ၂၁နှစ် ထဲ ဝင်နေပါပြီ။ အလုပ်အကိုင်ကတော့ နည်းပညာ ဂျာနယ် တစ်ခုမှာ အယ်ဒီတာ၊ အွန်လိုင်း သတင်းစုံမီဒီယာ ဝဘ်ဆိုဒ် တစ်ခုမှာ အယ်ဒီတာချုပ်၊ မော်တော်ယာဉ် အွန်လိုင်း သတင်းဝဘ်ဆိုဒ်တစ်ခုမှာ အယ်ဒီတာ၊ နာမည်ကြီး မဂ္ဂဇင်း အချို့ မှာ လစဉ်ဆောင်းပါးရှင်၊ အွန်လိုင်းစီးပွားရေး ကုမ္မဏီိတစ်ခုမှာ စီးပွားရေး အကြံပေး၊ ရုပ်သံချယ်နယ်လမ်းညွှန် ဂျာနယ်တစ်ခုမှာ ဘာသာပြန် အစရှိတဲ့ အလုပ်များ အပြင် ကလေးများကို စာသင်စာပြတဲ့ အချိန်ပိုင်း ဆရာလည်း လုပ်ပါသေးတယ်။ ဒါတွေက စာရေးသူကို လုပ်ငန်းရှင် မဖြစ်စေသေးပါဘူး။ စာရေးသူကို လုပ်ငန်းရှင် ဖြစ်စေမယ့် အရာကတော့ တစ်ဦးတည်း ကြိုးစား ပန်းစား ရေးသားတင်ဆက်နေ တဲ့ အွန်လိုင်းမီဒီယာ www.innewsmyanmar.com ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ စာရေးသူရဲ့  လစဉ် စုစုပေါင်း ဝင်ငွေဟာ ဒေါ်လာ ၈၀၀ နဲ့ ၁၀၀၀ ကြားမှာ ရှိနေပါတယ်။ ကမ်းလှမ်းထားတဲ့ ပရောဂျက်များလည်း ရှိနေပါသေးတယ်။ စာရေးသူ လုပ်တဲ့ အလုပ်တိုင်းအတွက် ရုံးတက်စရာ မလိုပါဘူး။ အင်တာနက် လိုင်းရှိတဲ့ ဘယ်နေရာကနေ မဆို လုပ်လို့ရတဲ့ အလုပ်ဖြစ်တဲ့အတွက် အလုပ် ဒီထပ်တိုးလာလည်း ကိုယ်လုပ်နိုင်ဖို့ပဲ လိုတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာတင် ကန်ဒေါ်လာ ၈၀၀ ဝန်းကျင်ဆို မိသားစု တစ်ခု ရပ်တည်ဖို့ အတွက် လုံလောက်တဲ့ ငွေပမာဏ ဖြစ် ပါတယ်။  ပြီးတော့ International news for myanmar ကို အွန်လိုင်း မီဒီယာကြီး တစ်ခု ပီပီပြင်ပြင် ဖြစ်လာဖို့ စီးပွားရေး လုပ်ငန်းရှင်အချို့ ရဲ့   အကျိုးတူ ပူးပေါင်းဆောင်ရွက် မှု ရရှိအောင် ဆွေးနွေးတိုင် ပင်နေပြီ ဖြစ် ပါတယ်။ ဒီလောက်ဆိုရင် မြန်မာပြည်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းရှင် တစ်ယောက် ဖြစ်လာဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးရေးဖို့ စာဖတ်သူတို့ လက်ခံပြီလို့ မျော်လင့်ပါ တယ်။

စာရေးသူ ပညာရေးနှင့် မိသားစု

ကျွန်တော် မောင်အောင်ခမ်းက စင်္ကာပူပြန်လည်း မဟုတ်ပါ။ မျိုးရိုးစဉ်ဆက် ချမ်းသာသူလည်း မဟုတ်ရပါ။ ရေကြောင်းပညာကောလိပ် အပတ်စဉ် ၃ မှာ အင်ဂျင်နေယာအရာရှိလောင်း ဘာသာရပ်နဲ့ အဆင့် ၁ ရအောင် ယူလာ သူ ဖြစ်ပါတယ်။ အဲ့တုန်းကတော့ ခံယူချက် တစ်ခုတည်းနဲ့ ကြိုးစား ခဲ့ခြင်း ဖြစ်ပါတယ်။ အဆင့် ၁ နဲ့ ကျောင်းပြီးတဲ့အခါ သင်္ဘောသားအေး ဂျင့်များက အလွယ်တကူခေါ်ယူတယ်လို့ ကြားဖူးတော့ သူများတွေလို သီအိုရီ၊ လက်တွေ့ နှစ်မျိုးကို နားလည်မှ ကျက်မယ်၊မှတ်မယ်၊ လေ့လာ မယ်လို့ ခေါင်းမမာတော့ပဲ စာမေးပွဲမှာ အမှတ်ပြည့် ရဖို့ပဲ ကြိုးစားခဲ့ပါတယ်။ တကယ်လည်း ရခဲ့ပါတယ်။ သို့ပေမယ့် ကျောင်းပြီးတဲ့အခါ ထင်သလိုမဟုတ် ပဲ သင်္ဘောတက်ဖို့ဆိုတာ ခက်ခဲတဲ့ အခြေအနေဖြစ်ပါတယ်။ စာရေးသူက ဆင်းရဲပါတယ်။ အေးဂျင့်ဖိုး သိန်း ဆယ်ချီပေးပြီး သင်္ဘောပေါ်တက်ဖို့ မစွမ်းသာပါဘူး။

ဒီမှာ ၁ ကစလို့ ပြန်စဉ်းစားကြည့်ပါတယ်။ “ငါဘာလို့ သင်္ဘောတက်ချင်တာ လဲ။ အရာရှိ ဖြစ်ချင်တာလဲ။ ငွေကြောင့်လား၊ ဂုဏ်ကြောင့်လား” အတွေးက နဂိုကတည်းက ရှိပါတယ်။ မြန်မာပြည်က လူငယ်တော်တော်များများမှာ လွမ်းမိုးနေတာက ငွေနဲ့ ဂုဏ်နဲ့ မိသားစု ခံယူချက် ဖြစ်ပါတယ်။ ဒီ သုံးခုရဲ့  လွမ်းမိုးမှုကို စာရေးသူ ခံခဲ့ရပါတယ်။ မိသားစု ဆင်းရဲတွင်းကလွတ် ရန်၊ ငွေချမ်းသာရန်၊ ဂုဏ်ချမ်းသာရန် ရည်ရွယ်ချက် အားလုံးနဲ့ သင်္ဘောသားအရာရှိ ဖြစ်ရမယ်လို့ မသိမလိုနဲ့ ခံယူချက်လေး တစ်ခု ကိန်းအောင်းခဲ့ပါတယ်။ သင်္ဘောတက်ရန် အခက်အခဲတွေတွေ့လာတော့ ယင်းခံယူချက်တွေ ရော့ရဲ လာပါတယ်။ ဘဝရဲ့  အဓိပ္ပါယ်ကို ပြန်လည်အဖြေ ရှာကြည့်ပါတယ်။ ကိုယ့်ကိုယ်ကို ပြန်လည် အဖြေရှာကြည့်ပါတယ်။

စာရေးသူ ကျောင်းပြီးပြီးချင်း အလုပ်လုပ်ပြီး ဘာသာရေးလည်း လုပ်ပါ တယ်။ အခုဆို အဘိဓမ္မာ အခြေခံ သုံးဆင့်အောင်၊ အဘိဓမ္မာ ဂုဏ်ထူးဆောင် (ဋီကာကျော်) လည်း အောင်မြင်ပြီး ဖြစ်ပါတယ်။ ဒီထက် ပိုမို အဆင့်မြ့င်မားတဲ့ ဗုဒ္ဓဘာသာ စာပေများကို ဆက်လက်လေ့လာဆည်းပူး မှာ ဖြစ်ပါတယ်။  ကျောင်းပြီးပြီးချင်း ဘာသာရေးကျောင်း၊သင်တန်း ဆက်တက်ပြီး အလုပ်လည်းတွဲလုပ်ပါတယ်။ အဲ့တုန်းက အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။ သတင်းမီဒီယာဝဘ်ဆိုဒ် တစ်ခုမှာ ဘာသာပြန်အနေနဲ့ အခြေခံကစလုပ်ရခြင်း ဖြစ်ပါတယ်။ အင်္ဂလိပ်စာကလည်း သင်တန်းကြီးတွေ မတက်ဖူးထားပေမယ့် ပညာဒါန ကျောင်းတစ်ခုမှာ တက်ထားဖူး၊ ကိုယ်တိုင်လည်း လေ့လာအားလေးလည်း ရှိတော့ ဘာသာပြန်လုပ်ရတာ အဆင်ပြေတယ်လို့ ဆိုရပါမယ်။ ၁၀ တန်းကိုတော့ ရန်ကုန်မှာပဲ ဂုဏ်ထူး လေးဘာသာနဲ့ အောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်။ မိဘများ ဇာတိက တောင်ကြီးဖြစ်ပေမယ့် သားသမီးပညာရေးရှေးရှုလို့ ရန်ကုန်ကို မိသားစုဝင် အားလုံး ရန်ကုန်ကို ယာယီပြောင်းရွေ့ လာပေးပါတယ်။ စာရေးသူ ကျောင်းပြီးတော့ ဌာနေသို့ပြန်သွားခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိမှာ မိဘနဲ့ ညီမကို လစဉ်ထောက်ပံ့လျက် ရှိပါတယ်။

ကျွန်တော်နှင့် အလုပ်ကြိုးစားမှု

သင်္ဘောသား ဖြစ်ရန် စာရွက်စာတန်းများ စုရင်း၊ သင်တန်းများတက်ရင်း မီဒီယာလုပ်ငန်းတွေမှာလည်း လုပ်ကိုင်ပါတယ်။ ဒီလိုနဲ့ လုပ်ရင်းက မီဒီယာမှာ ဝါသနာလည်း ပါနေတော့ တော်တော်လေး ခရီးရောက်တယ်လို့ ဆိုရပါမယ်။ ဒါဆို ဝါသနာ ဆိုတာကို သိဖို့လိုအပ် လာပြန်ပါတယ်။ စာရေးသူကတော့ ဝါသနာဘာပါလဲဆိုတာကို သေသေချာချာတောင် မသိသေးပါဘူး။ စာရေးနေရတော့ စာရေးရတာ ကြိုက်တာမှန်ပေမယ့် မရေးရလဲ ဘာမှ မဖြစ်ဘူးဆိုတော့ ဒါကို ဝါသနာလို့ မဆိုသာပြန်ပါ ဘူး။ ရေကြောင်းအင်ဂျင်နေယာဘာသာရပ်မှာ အမှတ်ပြည့်ရထားပေမယ့် အင်ဂျင်နေယာ ဖြစ်ဖို့ ဝါသနာ ပါလားဆိုတာကိုလည်း ကိုယ့်ကိုယ်ကို ပြန်လည်အဖြေရှာကြည့်ဆဲ ဖြစ်ပါတယ်။

ဒီလိုနဲ့အဖြေတွေရှာရင်း Facebook ကိုအခြေခံလို့ Blog တွေ၊ ဝဘ်ဆိုဒ်တွေ အထိကို တစ်ဆင့်ပြီး တစ်ဆင့် ကောင်းနိုးရာရာ ဗဟုသုတွေ ရှာဖတ်၊ သူများလည်း ဖတ်လို့ရအောင် လိုက်ဘာသာပြန်ပေး၊ မျှဝေပေးရင်း မီဒီယာအလုပ်ကို လုပ်နေမှန်းမသိလုပ်နေပြီး ဒီအခြေအနေ ကို ရောက်ရှိ လာပါတယ်။ သူများတွေ Facebook ကို ဘဝပျော်ရွှင်ရာ အပန်းဖြေဖို့ အသုံးပြုနေချိန်မှာ စာရေးသူကတော့ ဟိုဖက်ဒီဖက်၊ ဟိုလေ့လာဒီလေ့ လာနဲ့အချိန်ကုန်ပါတယ်။ လေ့လာရသမျှ၊ ဖတ်ရသမျှ၊ သတင်း၊ ဗဟုသုတ တွေကို ပြန်လည် ဘာသာပြန်ရင်း၊ ကိုယ်လေ့လာထားတဲ့ ဘာသာရေးအသိအမြင် ဘဝအသိအမြင် များကို ဆောင်း ပါးရေး ပြန် လည်ချပြရင်း စာရေးဆရာ ဖြစ်လို့ဖြစ်မှန်းမသိ ဖြစ်လာပါတယ်။ ကိုယ့်အကြောင်းကိုယ်ပြောတာ အတော်လေး များပါပြီ။ ဒီတော့ လုပ်ငန်းရှင် ဖြစ်ဖို့ ဘယ်လိုကြိုးစားမယ် ဆိုတာကို အတိုဆုံးပဲဖောပြလိုက် ပါမယ်။ နောက် အခွင့်ကြုံမှာ ဆောင်းပါးရှည် သီးသန့် ထပ်ရေးပြီး မြန်မာပြည် က လူငယ်များအတွက် အားပေးစကားများနဲ့ အိုင်ဒီယာများ မျှဝေပေးချင် ပါသေးတယ်။

ဒီလိုနဲ့ ဆက်သွယ်လာတဲ့ မီဒီယာကုမ္မဏီများ၊ ဝဘ်ဆိုဒ်များရှိလာပြီး ပုံနှိပ်မီဒီယာမှာလည်း မိတ်ဆွေတွေ တိုးလာပြီး အပြင်မျာ တွေ့ဆုံပါတယ်။ သူတို့လုပ်ငန်းအကြောင်း နားထောင်၊ ကိုယ်လုပ်တာတွေ ပြန်ပြောပြ ဒီလိုနဲ့ သူတို့ ဝဘ်ဆိုဒ်မှာ ဝင်ရေးဖို့ ကူညီပေး၊ ပုံနှိပ်ဂျာနယ်တွေမှာ ကူညီပေးရင်း၊ လုပ်ရင်း၊လုပ်ရင်းနဲ့ ဂျာနယ်တစ်ခုမှာ အယ်ဒီတာ ရာထူးရပြန်ပါတယ်။ အယ်ဒီတာ ရာထူးဆိုလို့ ရုံး တကူးတက သွားစရာ မလိုပါဘူး။ အင်တာနက် လိုင်းကောင်းတဲ့ နေရာကို ရှာလို့ ထိုင်လုပ်ရုံပဲဖြစ်ပါတယ်။  ဂျာနယ်ရဲ့ အွန်လိုင်းစာမျက်နှာကို တာဝန်ယူထားရသူ ဖြစ်ပါတယ်။  အလုပ်အားလုံး အင်တာနက်လိုင်းရှိတဲ့နေရာကနေ ထိုင်လုပ်ရုံပဲ ဖြစ်ပါတယ်။ အချိန် တန်တော့ လစာထုတ်ရုံပါပဲ။ သို့ပေမယ့် အလုပ်တစ်ခုကတော့ တစ်ပတ်မှာ တစ်ရက်သာ ရုံးတက်စရာလိုပြီး တက်တဲ့ တစ်ရက်တိုင်းကို ၃၅ ဒေါ်လာပေး ပါတယ်။ နိုင်ငံခြားကုမ္မဏီတစ်ခု ဖြစ်ပြီး ၎င်းတို့ဝဘ်ဆိုဒ်များကို မြန်မာပြည် မှာ ဘယ်လို ထိုးဖောက်ရမယ် ဆိုတာ ရှိတဲ့ အိုင်ဒီယာလေး မျှဝေပေးနေ၊ ကူညီပေးနေခြင်း ဖြစ်ပါတယ်။

Facebook ကို ကျေးဇူးတင်ခြင်း

ဒီလောက်ဆို စာရေးသူ ဘယ်လိုကြိုးစားတယ်ဆိုတာ သိဖို့လည်း လိုပါအုံး မယ်။ ကျွန်တော် Facebook တည်ထောင်သူ ဇူကာဘတ်ကို ကျေးဇူး အရမ်းတင်ပါတယ်။ သူ့ကြောင့်ပဲ ကျွန်တော်ဒီလိုအခြေအနေ ရောက်ရတာပါ။ သူများတကာ တွေ ရုံးမှာ ဖေ့စ်ဘွတ်သုံးလို့ သူဌေးက ပိတ်ခိုင်းနေချိန် ကျွန်တော်ကတော့ ဖေ့စ်ဘွတ်သုံးတိုင်း ပိုက်ဆံရနေပါတယ်။ စာဖတ်ရတဲ့ အတွက် အင်္ဂလိပ်စာတိုးတက်မှု ကလည်း မြန်ပါတယ်။ ဝေါဟာရ အသစ်များတိုးပါတယ်။

လုပ်ရင်းက မီဒီယာတင်မကတော့ပါဘူး။ ဒီ အွန်လိုင်းမီဒီယာကို အခြေပြုလို့ ဘယ်လိုငွေရမယ်ဆိုတာကိုပါ လေ့လာရပြန်ပါတယ်။ နိုင်ငံခြားက ဝဘ်ဆိုဒ်တွေကို လေ့လာပါတယ်။ ကုန်ပစ္စည်းကြော်ငြာတဲ့ နည်းဗျူဟာ များကို ပြန်လေ့လာပါတယ်။ မြန်မာပြည်ရဲ့  အင်တာနက် ကွန်ရက်ပေါ်ကို စီးပွားရေးလုပ်ငန်းရှင်တွေ ဘယ်လိုအာရုံ စိုက်လာအောင် ဘယ်လို ကြိုးစား စည်းရုံးရမယ် ဆိုတဲ့ နည်းလမ်းများကို ပြန်လေ့လာပါတယ်။ သူများ တကာ နိုင်ငံခြား ဝဘ်ဆိုဒ်တွေက တစ်လဝင်ငွေ ဒေါ်လာ ထောင်သောင်း မက ရှိပေမယ့် မြန်မာပြည် ဝဘ်ဆိုဒ်များကတော့ မရှိသေးပါဘူး။ မြန်မာပြည် မှာ အင်တာနက် အသုံးပြုသူအရေအတွက် တိုးတက်ဆဲရှိနေသေးပြီး အွန်လိုင်းကြော်ငြာနည်းစနစ်က အကျိုးသက်ရောက်မှု ဘယ်လိုရှိတယ် ဆိုတာကိုပါ သိအောင် လုပ်ပေးရအုံးမှာ ဖြစ် ပါတယ်။ လေ့လာရ အုံး မှာ ဖြစ်ပါတယ်။

ဒီလိုနဲ့ Facebook မှာ တွေ့ကရာ လုပ်ငန်းရှင်တွေ၊ နာမည်ကြီးလူတွေ လိုက် Add ပါတယ်။ မိတ်ဆက်ပါတယ်။ ကိုယ်အခုလုပ်နေတာတွေပြောပြပါတယ်။ သူလုပ်နေတာတွေ ပြန်နားထောင်ပါတယ်။ သင်ယူလို့ရတာ သင်ယူပြီး ပူးပေါင်းလို့ရမယ်လူကျ ပူးပေါင်းပါတယ်။ ကံကောင်းအကြောင်း လှလို့ ပြည်ပကနေ မြန်မာပြည်လာမယ့် လုပ်ငန်းရှင်တွေနဲ့တောင်  ရှားရှားပါးပါးတွေ့ဆုံရပြီး မြန်မာပြည်မှာ ကုန်ပစ္စည်း ဘယ်လိုကြော်ငြာ မလည်းလို့ အကြံဥာဏ် တောင်းဆိုခြင်း ခံရပါတယ်။ ဒီလိုနဲ့ သိတဲ့အကြောင်း အရာလေးတွေ ရှင်းပြပြောပြတော့ စာရေးသူရဲ့  အိုင်ဒီယာနဲ့ မီဒီယာ ဝဘ်ဆိုဒ်တွေကို သဘောကျလာပါတယ်။ အပြင်ပိုင်း ကြော်ငြာမှု၊ မားကတ် ဆင်းမှုမှာ အကုန်ကျများပေမယ့် အွန်လိုင်းမှာ ဈေးသက်သက်သက်သာသာ နဲ့လုပ်နိုင်တယ်ဆိုတာကို သိလာတော့ ထုတ်ကုန်ပစ္စည်းလုပ်ငန်းရှင် အချို့ လည်း စိတ်ဝင်စားလာပါတယ်။ လူငယ်တွေတင်မကပဲ လူကြီးအရေအတွက် ပါတိုးလာတဲ့ မြန်မာ့အင်တာနက် ကွန်ရက်မှာ စာရေးသူတို့က အကျိုးရှိရာ သတင်းအချက်၊ ဗဟုသုတကို မျှဝေမယ်။ ဒါကိုအခြေပြုလို့ ထုတ်ကုန်ပစ္စည်းကြော်ငြာ ကုမ္မဏီများကိုလည်း စိတ်ပါဝင်စားလာအောင်၊ သိရှိလာအောင် ဆွေးနွေးတိုင်ပင်ပြီး စပွန်ဆာရှစ်ပ်၊ ပါတနာရှစ်ပ် အစရှိသဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်တည်လာဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

လုပ်ငန်းရှင် ဖြစ်ဖို့ဆိုတာ

ဒီတော့ လုပ်ငန်းရှင် ဖြစ်ဖို့ဆိုတာ ကိုယ်သိတာလေး တစ်ခုနဲ့သွားလို့မရဘူး ဆိုတာ သိလာပါတယ်။ အဘက်ဘက်က လိုအပ်တဲ့ အရည် အချင်းတွေ၊ လေ့လာမှုတွေ၊ သင်ယူမှုတွေလည်း လိုအပ်နေသေးတယ် ဆိုတော့ ဒါတွေကို အဆက်မပြတ်ရအောင် ပြန်လည်လေ့လာ သင်ကြားဖို့လည်း လိုပြန်ပါသေးတယ်။ လက်ရှိမှာ စာရေးသူက ဗုဒ္ဓဘာသာနဲ့ ပက်သက်လို့ လူပုဂ္ဂိုလ်တို့ သင်ကြားလို့ရသည်ထိ သင်ကြားလို့ ပြန်လည် မျှဝေဖို့လည်း စိတ်ကူးထားပါတယ်။ လက်ရှိမှာလည်း ဓမ္မစာပေဆောင်း ပါးများရေးသားနေပေမယ့် လိုသလောက် ခရီးမရောက်သေး ပါဘူး။ မြန်မာပြည်ရဲ့  အဓိက လိုအပ်ချက်ထဲက ဘာသာရေး တစ်ခု လူငယ်တွေကြားမှာ ပုံဖော်လာအောင်လည်း ကြိုးစားအုံးမှာ ဖြစ်ပါတယ်။ ဒါက တစ်ကဏ္ဍပါ။

လက်ရှိလည်း အွန်လိုင်းမီဒီယာနဲ့ ပက်သက်လို့ လုပ်ငန်းရှင်အချို့ နဲ့ ပူးပေါင်း လုပ်ကိုင်မှုများ ရှိနေတဲ့အပြင် ကိုယ်ပိုင် မီဒီယာ ကုမ္မဏီ တစ်ခုဖြစ်လာ ဖို့လည်း ကြိုးစားနေပါတယ်။ ဒီအတွက် အရင်းအနှီး သိပ်မလို ပါဘူး။ မြန်မာပြည်မှာ ဝဘ်ဆိုဒ် တစ်ခု Register လုပ်ဖို့ ဒီလောက်မကုန်ကျ တာ စာဖတ်သူတို့လည်း သိမယ် ထင်ပါတယ်။ ထိုင်ခုံပေါ်ထိုင်နေရင်း စာတွေ ၊ဖတ်နေ၊ ရေးနေရင်းနဲ့ ငွေဝင်တာ မှန်ပေမယ့် အနာဂတ်မှာ ဆက်လက် ရပ်တည်နိုင်မလားဆိုတာကျတော့လည်း ထည့်စဉ်းစားရပြန်ပါတယ်။ အသက်ကလည်း ငယ်သေးတော့ ပညာကို လစ်ဟင်းလို့မရဘူး ဆိုတာကိုလည်း သိလာပါတယ်။ ရထားတဲ့ဘွဲ့က Diploma in Marine Engineering နဲ့ အဘိဓမ္မာဂုဏ်ထူးဆောင်ဆိုတော့ လက်ရှိ လုပ်နေတဲ့ မီဒီယာနဲ့ ဘာမှကို မဆိုင်ပါဘူး။ နိုင်ငံတကာမှာဆိုရင် အိုင်တီနဲ့ကျောင်းတက် ရင်း Application ဆွဲလို့ မီလျံနာတွေ ဖြစ်ကျပါတယ်။ Wesbiste Theme တွေဆွဲပြီးအွန်လိုင်းကနေ ရောင်းလို့ မီလျံနာတွေ ဖြစ်ပါတယ်။

စာရေးသူတို့ မြန်မာပြည်မှာ ဒါမျိုးဖြစ်လာဖို့ အခွင့်ကြုံဖို့ မဝေးတော့ပါဘူး။ သို့ပေမယ့် လက်ရှိ အသက်နဲ့လက်ရှိအခြေအနေ မှာ သူတို့လိုမဖြစ်တောင် ကိုယ်နိုင်တဲ့ ဖတ်က ကြိုးစားယူရမယ်ဆိုတာ အမှန်ပါပဲ။ ဒီတော့ ဘာနဲ့ပဲ ကျောင်းပြီးထား၊ တတ်ထားပေမယ့် ယခု လုပ်တဲ့ အလုပ်နဲ့ဆိုင်တဲ့ ပညာကို ပြန်လေ့လာမယ်ဆိုတဲ့ ခံယူချက်တစ်မခုတော့ ရှိလာပြန်ပါတယ်။ စာရေးသူတို့ မိဘက ဆင်းရဲပါတယ်။ ကျောင်းပြီးအောင်ထားပေးနိုင်ပေ မယ့် ကျောင်းပြီးနောက်ပိုင်းဘဝရပ်တည်ဖို့ မစွမ်းသာပါဘူး။ ဒီအခြေအနေထိ ရောက်လာအောင် တွန်းပို့ပေးနိုင်ခဲ့တဲ့ ကျေးဇူးနဲ့တင် ဆယ်ဘဝမက ပြန်ဆပ်သင့်နေပါပြီ။ ရန်ကုန်မှာ တစ်ယောက်တည်း နေလို့ ရည်ရွယ်ချက် အကြီးကြီးထားနေပါတယ်။ မိဘနဲ့ မမေ့မလျော့ဖုန်းဆက် တိုင်ပင် ပါတယ်။ ထောက်ပံ့ပါတယ်။ ညီမလေးတွေကျောင်းတက် ဖို့ ထောက်ပံ့ ပါတယ်။ တစ်ဖက်ကလည်း မြန်မာပြည် အွန်လိုင်းမီဒီယာ တစ်ခုအနေနဲ့ အများပြည်သူ  လက်ခံ၊ယုံကြည်ရတဲ့ reliable media တစ်ခုဖြစ်ဖို့ ကြိုးစားနေပါတယ်။

နိဂုံးချုပ်

လောကမှာ ဘယ်အရာမှ မပြီးပြည့်စုံပါဘူး။ အထူးသဖြင့် စာရေးသူတို့လို လူငယ်တွေဆိုတာ ပိုလို့တောင် ပြီးပြည့်စုံဖို့အတွက် ကြိုးစားရ၊ သင်ယူရ လေ့လာရဆဲ ဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိ ရရှိပိုင်ဆိုင်ထားတဲ့ အခြေအနေကိုပဲ အကောင်းဆုံး ဖန်တီးလုပ်ဆောင်ရမှာ အားလုံး ဘဝပေး အသိပဲ ဖြစ်ပါတယ်။ ကံမရှိ၊ ဥာဏ်ရှိတိုင်းမွဲဆိုတဲ့ စကားပုံရှိပါတယ်။ ဘယ်သူတွေ ဘယ်လောက်ပဲ ကံရှိရှိ၊ ဥာဏ်ရှိရှိ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ခံယူချက်နဲ့ပဲ ဆိုင်ပါတယ်။ အချို့ က ဥာဏ်ကောင်းပေမယ့် ကံမလိုက်လို့ ဆင်းရဲနေရတယ်။ မအောင်မြင်ဘူးလို့ဆိုကြပါတယ်။ ဒါကို ကံ (စေတနာ) ထက်သန်လောက်အောင် ကြိုးစားမှု အလုပ်က ဥာဏ်ကို မထောက်ပံ့ပေးနိုင်သေးလို့ မရောက်သေးတာလို့ပဲ မှတ်ယူသင့်ပါတယ်။ ငါက ကံကိုက မကောင်းတာဆိုပြီး လက်မိုင်ကျနေရင် အရှုံးသမားမှ အရှုံးသမား စစ်ပါပဲ။ လက်ရှိ မြန်မာပြည်မှာ တော်တော်များများ ကြုံတွေ့ရတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရောက်လေ ရာ၊ ဖြစ်လေရာ၊ ရလေရာမှာ လုပ်လည်း လုပ်နိုင်နေတယ်ဆိုရင် အကောင်း ဆုံး လုပ်လိုက်ခြင်းက အောင်မြင်ဖို့ ခြေလှမ်းပဲ ဖြစ်ပါတယ်။

စာရေးသူ ရေးတာ အတော်လေး ရှည်သွားပါတယ်။ ဒီမှာ တင်ပြချင်တဲ့ အကြောင်းအရာများ ပြည့်ပြည့်စုံစုံ ပါမသွားပါဘူး။ ကိုယ့်အကြောင်းချည်း ဇွတ်ရေးမိနေတယ်ဆိုတာ ဝန်ခံပါတယ်။ သို့ပေမယ့် ဒီစာထဲကနေ အသက် ၂၀ ကျော် မြန်မာပြည်က လူငယ်တစ်ဦးအနေနဲ့ ရောက်လေရာ အခြေအနေ ကနေ ဘယ်လိုကြိုးစားယူတယ် ဆိုတာလေးကိုတော့ မှတ်သား မိမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် အလုပ်ရှားပါးတယ်။ ဦးနှောက်ယိုစီးနေပါတယ်။ ပညာတတ်ပေမယ့် ကိုယ့်ပညာ အလဟသ ဆုံးရှုံးနေရ ပါတယ်။ နိုင်ငံခြား မှာ ကျောင်းမတက်ရလို့၊ ကျောင်းမတက်နိုင်လို့ဘဝအဓိပ္ပါယ်မဲ့နေရပါတယ်။ ဆင်းရဲနေရပါတယ်။ ချမ်းသာသော်လည်း မလုပ်တတ်၊ မကိုင် တတ် ဖြစ်နေ ပါတယ် အစရှိသဖြင့် မြန်မာပြည်က အခက်အခဲ တွေ့နေတဲ့ လူငယ်အားလုံး ကို ဘယ်လိုကြိုးစားဖြေရှင်း၊ ရင်ဆိုင် ကျော်ဖြတ်၊ လုပ်ကိုင်ရမယ် ဆိုတာ တတ်နိုင်သလောက် အကူညီပေး အကြံပေးချင်ပါသေးတယ်။ ၎င်းတို့နဲ့လည်း ပက်သက်လို့ ခွန်အားပေး၊ ရသ၊ ဗဟုသုတပေး ဆောင်းပါးများနဲ့ လူငယ်များ အတွက် ရေးသားတင်ဆက်မျှဝေဖို့ စာရေးသူဟာ အမြဲ အဆင်သင့် ရှိနေကြောင်း အသိပေးတိုက်တွန်းလို့ နိဂုံးချုပ်လိုက် ရပါတယ်။
---
credit to အောင်ခမ်း

လူ့ဘဝအတွက် စကားသုံးခွန်း



ပထမတစ်ခွန်း
သင်တာဝန်ယူရမှာက သင့်ရဲ့ဦးတည်ရာပါ
သင့်ရဲ့အတွေ့အကြုံက သင့်ရဲ့အရင်းအနှီးပါ
သင့်ရဲ့စရိုက်လက္ခဏာက သင့်ရဲ့ကံကြမ္မာပါ

ဒုတိယတစ်ခွန်း
ရှုပ်တဲ့အလုပ်ကို ရှင်းအောင်လုပ်ရင် သင်ဟာ ကျွမ်းကျင်သူပါ
ရှင်းတဲ့အလုပ်ကို ထပ်တလဲလဲလုပ်ရင် သင်ဟာ ပညာရှင်ပါ
ထပ်တလဲလဲလုပ်တဲ့အလုပ်ကို စိတ်ပါလက်ပါလုပ်ရင် သင်ဟာ အောင်နိုင်သူပါ

တတိယတစ်ခွန်း
လှပကောင်းမွန်ခြင်းက မိမိကိုယ်ကိုယ်ယုံကြည်မှုရှိသူတွေအတွက်
အခါအခွင့်ကောင်းဆိုတာ စတင်ရဲသူတွေအတွက်
ထူးဆန်းအံ့သြဖွယ်ဆိုတာ ဇွဲရှိရှိနဲ့တောင့်ခံနိုင်သူတွေအတွက်

မလုပ်ချင်ရင် ဆင်ခြေတစ်သိန်းကို သင်ရှာနိုင်တယ်
လုပ်ချင်ရင် နည်းလမ်းတစ်ခုကို သင်ရှာနိုင်တယ်..တဲ့

credit to unknown

NewYork မှကုမ္ပဏီတစ်ခုရဲ့ Heart ထိစေတဲ့ message



ဒါဟာသင့်ရဲ့ဘဝဖြစ်တယ်။ကိုယ်စိတ်ဝင်စားတာကို လုပ်ပါ။ပြီးတော့ အများကြီးလုပ်ပါ။
တစ်ခုခုစိတ်အလိုမကျတာရှိရင်၊ အဲဒါကိုပြောင်းလဲပစ်ပါ။
အခုလုပ်နေတဲ့အလုပ်ကို မကြိုက်ဘူးဆိုခဲ့ရင် ဆက်မလုပ်ပါနဲ့။
အချိန်မလောက်ဘူးဆိုရင် TV ကြည့်တာကို ရပ်လိုက်ပါ။
လူ့ဘဝကိုရင်းပြီး ချစ်ရမယ့်သူ ကိုရှာဖွေနေတယ်ဆိုရင်၊ အဲဒါကိုလည်း ရပ်လိုက်ပါ။

အဲဒီလူဟာ သင်ကကိုယ်စိတ်ပါဝင်စားတဲ့အလုပ်ကို စတင်တဲ့အချိန်မှာ ပေါ်လာပါလိမ့်မယ်။
သိပ်ပြီးစဉ်းစားလွန်းတာကိုရပ်လိုက်ပါ။ ဘဝဟာ ရိုးရှင်းပါတယ်။
စိတ်ခံစားချက်အားလုံးဟာလှပလွန်းပါတယ်။ အစာစားရင် တစ်လုပ်ချင်းတစ်လုပ်ချင်းစီကို အရသာခံပြီးစားပါ။

အလုပ်ကိစ္စအသစ်နဲ့ လူအသစ်တွေနဲ့တွေ့တဲ့အခါ စိတ်ကို ရင်ဘက်ကို ပြီးတော့ အသဲနှလုံးကို ဖွင့်ထားလိုက်ပါ။
ကျွန်တော်တို့တစ်တွေဟာ ကွဲပြားခြားနားမှုတွေနဲ့ ချိတ်ဆက်ထားတာပါ။
ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို၊ ဘယ်ဟာကို စိတ်အားထက်သန်လဲဆိုတာကို မေးကြည့်ပါ။
ပြီးရင် အဲဒီလိုတွေကို သင်ကိုယ်တိုင်ရဲ့ အိမ်မက်ကိုလည်းပြောပြပါ။

ခရီးကို ခဏခဏသွားပါ။
လမ်းမှာပြီးတော့၊ ကိုယ့်ရဲ့ဘဝအသစ်ကိုတွေ့နိုင်မယ်မဟုတ်လား။
တစ်ခါတစ်လေမှာ အခွင့်အရေးဟာ တစ်ကြိမ်ပဲ အလည်လာတတ်တယ်။ သေသေချာချာ ဖမ်းယူဆုတ်ကိုင်လိုက်ပါ။

လူ့ဘဝဆိုတာ၊ သင်တွေ့ဆုံခဲ့တဲ့လူတွေသာဖြစ်ပြီး၊ အဲဒါလူတွေနဲ့ သင်ပြုလုပ်ဖန်တီးတဲ့အရာ။
အဲဒါကြောင့်၊ စောင့်မနေဘဲတစ်ခုခုပြုလုပ်ဖို့ကို စတင်လိုက်ပါ။

လူ့ဘဝဟာ တိုတိုလေးပါ။
စိတ်အားထက်သန်စွာနဲ့ ကိုယ့်ရဲ့အိမ်မက်ကို ရှင်သန်အောင်လုပ်ကြပါစို့။

Credit to ဂျပန်စာကို လေ့လာနေသူများနှင့် စိတ်ဝင်စားသူများအတွက်